Sunday, June 1, 2014

အာဖဂန် တာလီဘန်များ (၅)နှစ်ကြာ ဖမ်းဆီးထားတဲ့ အမေရိကန် စစ်သားတစ်ဦးနဲ့ တာလီဘန်(၅)ဦး လဲလှယ်မဲ့ကိစ္စနဲ့ ပတ်သက်၍ ဆွေးနွေးပွဲ ကျင်းပ



အာဖဂန် တာလီဘန်များ (၅)နှစ်ကြာ ဖမ်းဆီးထားတဲ့ အမေရိကန် စစ်သားတစ်ဦးနဲ့ တာလီဘန်(၅)ဦး လဲလှယ်မဲ့ကိစ္စနဲ့ ပတ်သက်ပြီး အာဖဂန် ပါလီမန်တွင် ဇွန်လ (၁)ရက်နေ့က ဆွေးနွေးခဲ့ကြသည်။ ၎င်းကိစ္စအတွက် တာလီဘန်တို့နဲ့ အမေရိကန်တို့ သဘောတူညီခဲ့ကြတာ ဖြစ်ပါသည်။ အမေရိကန် စစ်သားကို အာဖဂန်အရှေ့ပိုင်း အမေရိကန် အထူးတပ်ဖွဲ့သို့ မေလ(၃၁)ရက်နေ့က လွှဲပြောင်းပေးခဲ့ပြီး ရဟတ်ယာဉ်နဲ့ သတ်မှတ်နေရာမှာ သွားရောက်ခေါ်ယူ ခဲ့ရတာ ဖြစ်သည်။ အကြမ်းဖက် သမားများကို ပြန်လွှတ်ပေးရင် အာဖဂန် လုံခြုံရေးအတွက် စိုးရိမ်ရကြောင်း ပါလီမန် အဖွဲ့ဝင်တစ်ဦးက ပြောပါသည်။ သဘောတူညီမှုအရ ဂွာတာနာမိုမှာ ထိန်းသိမ်းထားတဲ့ တာလီဘန်(၅)ဦးကို အမေရိကန် စစ်တပ်မှ စစ်လေယာဉ်နဲ့ သယ်ဆောင်ပြီး ပင်လယ်ကွေ့နိုင်ငံ ကာတာသို့ ပို့ဆောင်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

No comments:

Post a Comment