ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း ဘလူချီစတန်ပြည်နယ်မှာ ဇွန်လ (၈)ရက်နေ့က ထောက်ပံ့ရေး ယာဉ်တန်းအား အမည်မသိ သေနတ်သမားများက
ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရပါသည်။ အဆိုပါ ထောက်ပံ့ရေးယာဉ်တန်းဟာ အာဖဂန်ရှိ
နေတိုးတပ်ဖွဲ့ဝင်များအတွက် ထောက်ပံ့ရေး ပို့ဆောင်ပေးမယ်ယာဉ်ဖြစ်ပြီး တိုက်ခိုက်မှု ဖြစ်ပွားရာနေရာသို့
ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမှာ ဖြစ်ကြောင်း ဒေသတွင်း
မီဒီယာက သတင်း ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါ တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး မည်သည့်အဖွဲ့ရဲ့
လက်ချက်ဖြစသည်ဟု မသိရှိရပေမဲ့ ထောက်ပံ့ရေးယာဉ်များကို တာလီဘန် လက်နက်ကိုင်များက တိုက်ခိုက်မှုများ
ပြုလုပ်လေ့ရှိပါသည်။ အာဖဂန်တွင် အမေရိကန် တပ်ဖွဲ့ဝင်များရဲ့ စစ်ဆင်ရေးဟာ ပြီးခဲ့တဲ့နှစ်
ဒီဇင်ဘာလ(၃)ရက်နေ့က အဆုံးသတ်ခဲ့ပြီး နိုင်ငံတွင်း အကြမ်းဖက်တိုက်ခိုက်မှု ကာကွယ်ရေးနှင့်
လေ့ကျင့်မှုများအတွက် တပ်ဖွဲ့ဝင်အနည်းငယ်သာ ထားရှိရေးကို အမေရိကန်က လိုလားလျက်ရှိကြောင်း
သိရပါသည်။
No comments:
Post a Comment