Sunday, June 29, 2014

ယူကရိန်းတပ်ဖွဲ့များသည် ဒွန်ညက်စ်အရှေ့ပိုင်းရှိ အရေးပါသည့် စစ်ဆေးရေးဂိတ်ကို ပြန်လည်ရယူထားပြီ ဖြစ်

ယူကရိန်းတပ်ဖွဲ့များသည် ဒွန်ညက်စ်အရှေ့ပိုင်းရှိ အရေးပါသည့် စစ်ဆေးရေးဂိတ်ကို ပြန်လည်ရယူထားပြီ ဖြစ်ပါသည်။ ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနက ကရာမာတော့စ်က် ဝန်ကျင်ရှိ မီးလောင်နေသည့် တင်ကားပုံရိပ်များကို ပြသခဲ့ပြီး ယူကရိန်းတပ်သား (၄)ဦးသေဆုံးပြီး (၅)ဦးဒဏ်ရာရရှိခဲ့ကြောင်း ပြသထားပါသည်။ ညခင်းက တိုက်ခိုက်မှုကြောင့် ယူကရိန်းဘက်က ဒဏ်ရာရရှိမှုများကိုသာ ဖော်ပြထားပြီး ခွဲထွက်ရေးသမားဘက်က ဒဏ်ရာရရှိသူဦးရေကို တွက်ချက်ထားခြင်း မရှိခဲ့ပါ။ ခွဲထွက်ရေးသများအနေနှင့် အချက်အခြာကျပြီး ရုရှားနှင့် ထိစပ်နေသည့် စစ်ဆေးရေးဂိတ်(၂)ခုကို ထိန်းချုပ်ထားကြောင်း ခွဲထွက်ရေးသမား ခေါင်းဆောင်တစ်ဦးက ပြောကြားခဲ့ပါသည်။ သမ္မတပိုရိုရှန်ကို၏ ငြိမ်းချမ်းရေး အစီအစဉ်သည် ကီလိုမီတာ(၁၉၀ဝ) ကျယ်ဝန်းသည့် ယူကရိန်းနှင့် ရုရှားတို့အကြား နယ်စပ်မြေပေါ် စစ်ရေးအရ ကွပ်ကဲနိုင်ခြင်းအပေါ် မှီခိုနေရပြီး ပိုရိုရှန်ကိုက ယင်းသို့မှ မဆောင်ကျဉ်းနိုင်ရင် တည်မြဲသည့် ငြိမ်းချမ်ရေးကို ရှာတွေ့နိုင်မှာမဟုတ်ကြောင်း ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

No comments:

Post a Comment