Monday, June 30, 2014

ရှမ်းပြည်နယ် ဆီဆိုင်မြို့နယ် ဘုရားဖြူ အခြေခံပညာ အထက်တန်းကျောင်း အဆင့်တိုးမြှင့်ခြင်း ဖွင့်ပွဲကျင်းပ

ရှမ်းပြည်နယ် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ဆီဆိုင်မြို့နယ်၊ နောင်ကျောကျေးရွာ အုပ်စု၊ ဘုရားဖြူ အခြေခံပညာ အထက်တန်းကျောင်း၊ ကျောင်းအဆင့်တိုးမြှင့်ခြင်း ဖွင့်ပွဲကို ဇွန်(၂၅)ရက်နေ့က အဆိုပါကျောင်းမှာ ကျင်းပရာ ရှမ်းပြည်နယ် ပြည်နယ်လူမှုရေး ဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပအိုးဝ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ  ဦးခွန်စံလွင်နဲ့ ပြည်နယ်ပညာရေး ညွှန်ကြားရေးမှူး ဦးချစ်ဆွေတို့က အဆင့်တိုးမြှင့်ခြင်း မုခ်ဦးဆိုင်းဘုတ်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပါသည်။

No comments:

Post a Comment