Wednesday, June 25, 2014

ရခိုင်ပြည်နယ် သံတွဲခရိုင် ဂွမြို့နယ်တွင် ကမ်းသာယာကမ်းခြေနှင့် ကျိန္တလီမြို့တို့တွင် တပ်မတော်မှ စွန့်လွှတ်မြေယာများအား မူလပိုင်ရှင်တောင်သူများထံသို့ ယာယီလုပ်ပိုင်ခွင့် ပြန်လည်ပေးအပ်ခြင်း အခမ်းအနား



ရခိုင်ပြည်နယ် သံတွဲခရိုင် ဂွမြို့နယ် ကမ်းသာယာ ကမ်းခြေနှင့် ကျိန္တလီမြို့တို့တွင် တပ်မတော်မှ စွန့်လွှတ်သည့် မြေယာများအား မူလပိုင်ရှင် တောင်သူများထံသို့ ယာယီလုပ်ပိုင်ခွင့် ပြန်လည်ပေးအပ်ခြင်း အခမ်းအနားကို ဇွန်လ(၂၄)ရက်နေ့ မနက်ပိုင်းတွင် ကမ်းသာယာကမ်းခြေ၊ ကင်းပုံကျေးရွာ၊ အခြေခံ ပညာမူလတန်းကျောင်း တွင်လည်းကောင်း၊ နေ့လည်ပိုင်းတွင် ကျိန္တလီမြို့ အခြေခံပညာ အထက်တန်းကျောင်းတွင် လည်းကောင်း ကျင်းပခဲ့ပါသည်။ အခမ်းအနားမှာ ရခိုင်ပြည်နယ် ပြည်နယ်စိုက်ပျိုးရေးနှင့် မွေးမြူရေး ဝန်ကြီးဦးသာလူချေနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကြည်သာ တို့က အမှာစကားများ ပြောကြားခဲ့ပြီး ပြည်နယ်မြေ အသုံးချမှု စီမံခန့်ခွဲရေး ကော်မတီ အတွင်းရေးမှူး ပြည်နယ်မြေစာရင်းဦးစီးမှူး ဦးကျော်ငြိမ်းက စွန့်လွှတ်သည့် မြေယာများနှင့် ပတ်သက်ပြီး ရှင်းလင်းတင်ပြ ဆွေးနွေးပါသည်။ ဆက်လက်ပြီး တပ်မတော်မှ စွန့်လွှတ်သည့် မြေယာ(၇၈၈.၈၂)ဧကကို မူလပိုင်ရှင် တောင်သူ(၃၆၂)ဦးထံသို့ ယာယီလုပ်ပိုင်ခွင့်များကို တောင်သူတစ်ဦးချင်းစီသို့ ပြည်နယ်စိုက်ပျိုးရေးနှင့် မွေးမြူရေး ဝန်ကြီးနှင့် တာဝန်ရှိသူများက လက်ရောက်ပေးအပ်ခဲ့ကြပြီး တောင်သူများက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။ တပ်မတော်မှ စွန့်လွှတ်သည့် မြေယာများအား မူလပိုင်ရှင် တောင်သူများထံသို့ ယာယီလုပ်ပိုင်ခွင့် ပြန်လည်ပေးအပ်ခဲ့သော မြေဧကများမှာ ကမ်းသာယာ ကမ်းခြေရှိ ဆပ်သွား၊ ကင်းပုံ၊ ဇီးကုန်းကျေးရွာ အုပ်စုများရှိ တောင်သူ(၁၆၀)အတွက် မြေယာ (၃၀၈.၈၂)ဧကနှင့် ရှောက်ကုန်း၊ စေတီကွင်း၊ သဲကုန်း၊ ပုန်းညှက်ကျေးရွာများရှိ တောင်သူ(၂၀၂)ဦး အတွက် မြေယာ (၄၈၀)ဧကတို့ ဖြစ်ကြောင်း သိရှိရပါသည်။

1 comment:

  1. video file လေးကြည့်လို့ရရင်ကောင်းမှာပဲ။

    ReplyDelete