Monday, June 30, 2014

ဖိလစ်ပိုင် သမ္မတနိုင်ငံ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ ဖိတ်ကြားချက်အရ မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ ဖိလစ်ပိုင် သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီးထွက်ခွာ



တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် ဖိလစ်ပိုင် သမ္မတနိုင်ငံ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်  General   အမ်မန်နယူရယ်လ် ထရွိုင်နီဒက် ဘက်တီစတာ၏ ဖိတ်ကြားချက်အရ ရန်ကုန်မြို့မှတစ်ဆင့် ဖိလစ်ပိုင် သမ္မတနိုင်ငံ ချစ်ကြည်ရေးခရီး သွားရောက်ရန် နေပြည်တော် လေဆိပ်မှ ဇွန်လ (၃၀)ရက်နေ့ နံနက် (၁၀)နာရီ (၁၅)မိနစ်တွင် လေကြောင်းခရီးဖြင့် ထွက်ခွာရာ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများနှင့် ဇနီးများ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မောင်မောင်အေးနှင့် တာဝန်ရှိသူများက နေပြည်တော် လေဆိပ်တွင် ပို့ဆောင် နှုတ်ဆက်ကြသည်။ 

No comments:

Post a Comment