အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်မှာ ကျင်းပတဲ့ ကလစ် ဒိုင်ဗင် ဝေါလ်ဆီးရီးစ် ပြိုင်ပွဲယှဉ်ပြိုင်ရန်
ဒိုင်ဗင်သမား(၁၉)ဦး စုဝေးရောက်ရှိခဲ့ကြပါသည်။ ယာယီ ပလက်ဖောင်းများပေါ်ကနေ ရေကန်ထဲသို့
ဒိုင်ဗင်ခုန်ချရတဲ့ ၄င်းပြိုင်ပွဲမှာ ဘရစ်တန်ဂယ်ရီဟန်က ပေ(၉၀)အမြင့်ကနေ ခက်ခဲဆန်းပြားစွာ
ခုန်ချနိုင်ခဲ့ပြီး ပထမရရှိခဲ့တယ်လို့ သိရပါသည်။ ဟန့်ဟာ ကလစ်ဒိုင်ဗင် ဝေါလ်ဆီးရီးစ်ပြိုင်ပွဲမှာ
(၃)ကြိမ် အနိုင်ရရှိထားပြီး ၄င်းရဲ့ ကစားသမားဘဝတစ်လျောက် ယှဉ်ပြိုင်မှုများမှာ စုစုပေါင်း(၁၆)ကြိမ်
အနိုင်ရရှိထားကြောင်း လည်း သိရပါသည်။ ပေ(၆၀)အမြင့် ဒိုင်ဗင်ထိုးပြိုင်ပွဲများမှာ အမျိုးသမီးများလည်း
ပထမဆုံးအကြိမ် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါသည်။ ၄င်းပြိုင်ပွဲများသို့ လူပေါင်း(၆၇၀ဝ)ကျော်
လာရောက် ကြည့်ရူအားပေးခဲ့ကြတယ်လို့ သိရပါသည်။
No comments:
Post a Comment