စက်ရုံ၊ အလုပ်ရုံများတွင်
လုပ်ငန်းခွင် ဆက်ဆံရေး ကောင်းမွန်မှ လုပ်ငန်းခွင် အေးချမ်းသာယာပြီး လုပ်ငန်းခွင် မတော်တဆ
ထိခိုက်မှုနှင့် လုပ်ငန်းခွင် ရောဂါ ရရှိမှုများ ကျဆင်းစေ၍ ကုန်ထုတ်စွမ်းအား မြင့်မားစေမည်ဖြစ်ရာ
အလုပ်ရှင်နှင့် စီမံခန့်ခွဲသူ အပါအ၀င် အလုပ်သမားများက ဥပဒေနှင့်အညီ သိရှိလိုက်နာ ဆောင်ရွက်နိုင်ရန်
ရည်ရွယ်လျက် အလုပ်သမားရေးရာ သိမှတ်ဖွယ်ရာများ အသိပညာပေး ဆွေးနွေးပွဲနှင့် သင်တန်းပို့ချမှုများကို
အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ မှာကြားချက်နှင့်အညီ
ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ စက်မှုဇုန်များတွင် ဇွန်(၂)ရက်မှ (၂၇)ရက်ထိ ပြုလုပ်သွားမည်
ဖြစ်ကြောင်း သတင်းရရှိပါသည်။
No comments:
Post a Comment