Sunday, June 8, 2014

မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ် (၁၅)ကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေး



မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ် (၁၅)ကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေးကို ဇွန်လ(၈)ရက် နံနက်(၉)နာရီက ရန်ကုန်မြို့ အင်းစိန်မြို့နယ် ကြို့ကုန်းရှိ မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ် သီရိအဏ္ဏဝါ ခန်းမတွင် ကျင်းပသည်။ အစည်းအဝေးတွင် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်ထံမှ ပေးပို့သည့် ဂုဏ်ပြုသဝဏ်လွှာကို ဒုတိယဝန်ကြီး ဦးခင်မောင်အေးက ဖတ်ကြားသည်။ ထို့နောက် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးဝင်းအာင်နှင့် မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဌေးမြင့်တို့မှ အမှာစကား ပြောကြားခဲ့ကြသည်။ ထို့နောက် အစည်းအဝေးကို အစီအစဉ်အတိုင်း ဆက်လက်ကျင်းပပြီး ဥက္ကဋ္ဌအသစ် ဦးဌေးမြင့်က နှုတ်ခွန်းဆက်စကား ပြောကြားကာ ဒုတိယဝန်ကြီး ဦးခင်မောင်အေးက နိဂုံးချုပ်စကား ပြောကြားသည်။ မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်ရဲ့ ၂၀၁၄- ၂၀၁၆ ဆဋ္ဌမ(၃)နှစ် သက်တမ်းအတွက် ဥက္ကဋ္ဌ ဦးဌေးမြင့်၊ အထွေထွေ အတွင်းရေးမှူး ဦးဝင်းကြိုင်တို့ ပါဝင်တဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်(၈၅)ဦးနဲ့ အလုပ်အမှုဆောင် အဖွဲ့ဝင် (၁၉၃)ဦးတို့အား ရွေးချယ်တင်မြှောက် ခဲ့ကြသည်။ မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်သည် ပြည်ထောင်စု အစိုးရအဖွဲ့နှင့် ဝန်ကြီးဌာနက ချမှတ်ဆောင်ရွက်နေတဲ့ မြန်မာနိုင်ငံရဲ့ ငါးလုပ်ငန်းများ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး လုပ်ငန်းစဉ်များမှာ အဓိကနေရာက ပူးပေါင်းလက်တွဲ ဆောင်ရွက်သွားတဲ့ မိတ်ဖက် အမျိုးသား စီးပွားရေး အင်အားစုကြီး တစ်ရပ်အဖြစ် ရပ်တည် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း သတင်းရရှိပါသည်။



No comments:

Post a Comment