၂၀၁၄ ခုနှစ်
ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကို ဘရာဇီးလ် နိုင်ငံမှာ ကျင်းပလျက်ရှိရာ (၁၆)သင်း ရှုံးထွက်
ပြိုင်ပွဲများထဲမှ ဇွန်လ (၃၀)ရက်နှင့် ဇူလိုင်လ (၁)ရက်နေ့တို့တွင် ကျင်းပမည့် ပြိုင်ပွဲများကို
ည(၉)နာရီ သတင်းအပြီးမှာ လည်းကောင်း၊ ဇူလိုင်လ (၅)ရက်နေ့နှင့် ဇူလိုင်လ (၆)ရက်နေ့တို့တွင်
ကျင်းပမည့် ကွာတားဖိုင်နယ် ပွဲစဉ်များကို မနက် (၂)နာရီခွဲမှာ လည်းကောင်း၊ ဇူလိုင်လ
(၉)ရက်နေ့နှင့် ဇူလိုင်လ (၁၀)ရက်နေ့တို့တွင် ကျင်းပမည့် ဆီမီးဖိုင်နယ် ပွဲစဉ်များကို မနက် (၂)နာရီခွဲမှာ လည်းကောင်း၊ ဇူလိုင်
(၁၄)ရက်နေ့တွင် ကျင်းပမည့် ဗိုလ်လုပွဲ ပွဲစဉ်များကို မနက် (၁)နာရီခွဲမှာ လည်းကောင်း၊
မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ တိုက်ရိုက် ထုတ်လွှင့်ပြသ သွားမှာဖြစ်ပါသည်။ ဘောလုံးပွဲများ
ထုတ်လွှင့်ပြသ သွားရာတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ Analogue စနစ်ဖြင့် ထုတ်လွှင့်သည့်
စက်ရုံများအပြင် Digital စနစ်ဖြင့် ထုတ်လွှင့်သည့် စက်ရုံ(၂၄)ရုံစလုံးမှ ၂၀၁၄ ခုနှစ်
ဇွန်လ (၂၂)ရက်နေ့မှ စတင်ထုတ်လွှင့်ပေးနေပြီ ဖြစ်ပါသဖြင့် ၄င်းဒေသများရှိ DVB-T2 Set
Top Box ရှိသူများမှလည်း ဖမ်းယူကြည့်ရှု သွားနိုင်မှာ ဖြစ်ပါကြောင်း မိဘပြည်သူများအား
ရိုသေလေးစားစွာ သတင်းကောင်း ပါးအပ်ပါသည်။
No comments:
Post a Comment