Sunday, June 8, 2014

မြေငလျင်သတင်း

ဒီကနေ့ မြန်မာစံတော်ချိန် ညနေ (၄)နာရီအချိန်တွင် မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ မြေငလျင် သတင်းကို ထုတ်ပြန်ပါသည်။ ဇွန်လ(၈)ရက်နေ့ မြန်မာစံတော်ချိန် ညနေ(၃)နာရီ၊ (၄၅)မိနစ်၊ (၄၂)စက္ကန့်အချိန်တွင် မန္တလေးမြေငလျင်စခန်းမှ တောင်ဘက် မိုင် (၁၆၀)ခန့် ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (လယ်ဝေးမြို့၏ တောင်-အနောက်တောင်ဘက် (၅) မိုင်)ခန့်အကွာ ကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၃.၃)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။ အနောက်တောင်မုတ်သုံလေသည် လွန်ခဲ့သော (၂၄) နာရီအတွင်းက မြန်မာနိုင်ငံ တစ်ဝှမ်းလုံးသို့ ၀င်ရောက်ခဲ့ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတင်းထုတ်ပြန်ပါသည်။ 

No comments:

Post a Comment