Monday, June 9, 2014

Dawn of the Planet of the Apes ရုပ်ရှင်အကြောင်း



Dawn of the Planet of the Apes ရုပ်ရှင်ကို အမေရိကန်ပြည်ထောင်စုရှိ ရုပ်ရှင်ရုံတွေမှာ ဇူလိုင်လ(၁၁)ရက်နေ့မှ စတင် ရုံတင်ပြသမှာဖြစ်ပါသည်။ အဲဒီရုပ်ရှင်က (၂၀၁၁)ခုနှစ်က ထွက်ရှိခဲ့သည့် Rise of the Planet of the Apes ၏ ဒုတိယမြောက်ကားလည်း ဖြစ်ပါသည်။ ဒီရုပ်ရှင်ဇာတ်ကားမှာ Caesar ဆိုသည့် မျိုးရိုးဗီဇပြောင်းလဲထားသည့် မျောက်ဝံကြီး၏ ဦးဆောင်မှုနှင့် မျောက်ဝံတပ်ဖွဲ့ကြီး တစ်ခုဖြစ်လာ ပါသည်။ အဲဒီအချိန်မှာ ဗားရပ်စ်ပိုးတွေလည်းပြန့်နှံ့နေပြီး ဗားရက်စ်ပိုးတွေက လွတ်မြောက်လာသည့် လူအုပ်စုက မျောက်အုပ်စုကို သတ်ရန်ကြိုးစားနေပါသည်။ လူတွေနှင့် မျောက်ဝံတွေကြားငြိမ်းချမ်းရေးက အထိ အခိုက်မခံ ဖြစ်နေသည့်အပြင် ဗားရပ်စ်ပိုးတွေကနေ လွတ်မြောက်ပြီး ကမ္ဘာပေါ်မှာ ဆက်လက်ရှင်သန်ရန် လူတွေနှင့်မျောက်ဝံတွေ နယ်မြေကို လုသည့်ဇာတ်လမ်းကို အခြေခံပြီး တင်ဆက်ထားတာဖြစ်ပါသည်။ (၂၀၁၂)ခုနှစ် အောက်တိုဘာလက စတင်ရိုက်ကူးခဲ့တာဖြစ်ပြီး အမေရိကန်ဒေါ်လာ သန်း(၁၂၀) အကုန်အကျ ခံကာ ရိုက်ကူးထားတာ ဖြစ်ပါသည်။ အဲဒီရုပ်ရှင်ကားကို ဒါရိုက်တာ မက် ရီးစ် (Matt Reeves)က ရိုက်ကူးထားပြီး အမျိုးသားသရုပ်ဆောင် ဂယ်ရီ အိုးမန်း(Gary Oldman)၊ အန်ဒီ ဆားကက်စ်(Andy Serkis)နှင့် အမျိုးသမီးသရုပ်ဆောင် ဂယ်ရီ ရာဆယ်(Keri Russell)တို့က သရုပ်ဆောင်ထားပါသည်။

No comments:

Post a Comment