Monday, June 30, 2014

Dolphin Tale 2

အနုပညာသတင်းအစီအစဉ်ရဲ့ ရုပ်ရှင်လမ်းညွှန်အစီအစဉ်ကို တင်ဆက်ပေးသွားမှာ ဖြစ်ပါသည်။ ဒီသီတင်း ပတ် ရဲ့ ရုပ်ရှင်လမ်းညွှန်အစီအစဉ်မှာတော့ Dolphin Tale 2 ရုပ်ရှင်ကားနှင့် မိတ်ဆက်ပေး ပါ မယ်။ အဲဒီရုပ်ရှင်ကားကို အမေရိကန်ပြည်ထောင်စု ရှိရုပ်ရှင်ရုံတွေမှာစက်တင်ဘာလ (၁၂)ရက်နေ့မှာစတင် ရုံတင်ပြသမှာဖြစ်ပါတယ်။ ၂၀၁၁ခုနှစ်ကထွက်ရှိခဲ့တဲ့ Dolphin Tale 1 ရဲ့ နောက်ဆက်တွဲ ရုပ်ရှင်ကားလည်း ဖြစ်ပါတယ်။ Winter လို့အမည်ရတဲ့ လင်းပိုင်လေးကို Clearwater ငါးပြတိုက် ဆေးရုံကဒေါက်တာကလေးဟစ်စ်ကက် (Clay Haskett)တို့အဖွဲ့က ကယ်တင်လိုက် ပါတယ်။ ဒေါက်တာကန်မရွန် မက်ကာတေးလ်(Cameron McCarthy)ရဲ့  အကူအညီနဲ့ အဲဒီ လင်းပိုင်လေးအတွက် အမြီးတုကိုတပ်ဆင်နိုင်ခဲ့ပြီး သူရဲ့အသက်ကိုလည်း ကယ်တင်နိုင်ခဲ့ပါ တယ်။ တစ်နေ့မှာ တော့ winter လေးရဲ့ မိခင် လင်းပိုင်မလေးသေဆုံးသွားတာပြီးအဲဒီငါးပြတိုက်မှာ winter လေးတစ်ကောင်း တည်းကျန်ရစ်ခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ လင်းပိုင်တွေကို ထိန်းသိမ်းစောင့် ရှောက်မှု ပိုင်းဆိုင်ရာ ထုတ်ပြန်ထားတဲ့ စည်းကမ်းတွေအရလင်းပိုင်တစ်ကောင်တည်းကိုငါးပြတိုက်မှာမထားရှိဖို့ တားမြစ်ထားပါတယ်။ Clearwater ငါးပြတိုက် ဆေးရုံကလည်းသူတို့ အချစ်တော်လေး winter ကိုတခြား ငါးပြတိုက်တွေကိုမပို့ခံရဖို့ ကြိုးစားခဲ့တဲ့ ဇာတ်ကြောင်းကိုအခြေခံပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ အဲဒီရုပ်ရှင် ကားကို (၂၀၁၃)ခုနှစ်၊ အောက်တိုဘာလမှာ ဖလော်ရီဒါပြည်နယ်ရှိ ငါးပြတိုက်တစ်ခုမှာ စတင်ရိုက်ကူး ခဲ့တာဖြစ်ပါတယ်။ အဲဒီရုပ်ရှင်ကား ကိုဒါရိုက်တာချားလီစ်  မာတင် စမစ်( Charles Martin Smith) က ရိုက်ကူးထားတာဖြစ်ပြီး အမျိုးသားသရုပ်ဆောင် မော်ဂန် ဖရီးမန်း( Morgan Freeman)၊ နေသန် ဂမ်ဘယ်လ်(Nathan Gamble) နဲ့ အမျိုးသမီးသရုပ်ဆောင် အက်ရှယ်လီ ဂျု့(Ashley Judd) တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။

No comments:

Post a Comment