နိုင်ငံတော်
အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ တတိယအဆင့် အရှိန်အဟုန် မြှင့်တင်မှု (Third Wave) အဖြစ်
ထိရောက်အောင် ကြိုးပမ်း ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်
ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ရှေ့လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရေး လုပ်ငန်းညှိနှိုင်း
အစည်းအဝေးကို ဇွန်လ(၂၉)ရက်က နေပြည်တော်ရှိ ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ လူဝင်မှုကြီးကြပ်ရေးနှင့်
ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက အမှာစကား ပြောကြားရာတွင် နိုင်ငံတော်အစိုးရသစ်
စတင်တာဝန်ယူချိန်မ စ၍ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြုပြင်ပြောင်းလဲရေးလုပ်ငန်း
အဆင့်များအား အဆင့်ဆင့် ချမှတ်ဆောင်ရွက်ခဲ့ရာ ယခုဆိုလျှင် တတိယအဆင့် ပြုပြင်ပြောင်းလဲရေး
(Third Wave Reform) အဖြစ် ဖော်ဆောင်လျက်ရှိပါကြောင်း၊ ဒီမိုကရေစီ နိုင်ငံတော်သစ် ထူထောင်ရေးတွင်
အခြေခံအုတ်မြစ် ခိုင်မာအောင် ဆောင်ရွက်ပေးရမည့် အပိုင်းနှင့် ပြည်သူတို့၏ လူမှုစီးပွားဦးစားပေး
လိုအပ်ချက်များ ချက်ချင်း ဆောင်ရွက်ပေးရမည့် အပိုင်းဟူ၍ သတ်မှတ်ကာ အရှိန်အဟုန်ဖြင့်
ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဝန်ကြီးဌာန အနေဖြင့် နိုင်ငံနှင့် ပြည်သူအတွက် လိုအပ်ချက်များကို
ဖြည့်ဆည်းပေးသော လက်တွေ့ကျသည့် လုပ်ငန်းများ ဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်းစဉ်များ ထိရောက်အောင်မြင်ရေး
အတွက် မိမိတို့ဌာန ဝန်ထမ်းများက လုပ်ထုံးလုပ်နည်းများ ကျွမ်းကျင် ပိုင်နိုင်ပြီး လုပ်ငန်းအပေါ်
သိရှိနားလည်ထားကြရမည် ဖြစ်ပါကြောင်း၊ ဝန်ထမ်းများ အရည်အသွေး မြင့်မားရေးအတွက် တာဝန်ရှိသူ
အဆင့်ဆင့်က ဘက်ပေါင်းစုံမှ ဖြည့်ဆည်းပေးကြရန်နှင့် အချင်းချင်း စည်းလုံးညီညွတ်မှု ရှိစေရေးအတွက်
ဆောင်ရွက်ကြရန် လိုကြောင်း၊ လာဘ်ပေးလာဘ်ယူ ကင်းရှင်းရေးနှင့် တာဝန်သိမှု၊ တာဝန်ယူမှု
ရှိစေရေး၊ အချင်းချင်း ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်တတ်စေရေးနှင့် အသိတူမှ အလုပ်တူမည်
ဖြစ်ကြောင်းတို့ကို အောက်ခြေ အဆင့် ထိ ရှင်းလင်း ချပြ ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်းဖြင့်
တိုက်တွန်း မှာကြားပါသည်။ အဲဒီနောက် တိုင်းဒေသကြီး၊ ပြည်နယ် ဦးစီးဌာနမှူး များက တိုင်းဒေသကြီး၊
ပြည်နယ်အလိုက် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုနှင့် မိုးပွင့်အဆင့်(၆) စီမံချက်
ဆောင်ရွက်မည့် အစီအစဉ်၊ နိုင်ငံခြားသား ထိန်းသိမ်းရေး လုပ်ငန်းဆိုင်ရာများနှင့် ဆက်လက်
ဆောင်ရွက်မည့် လုပ်ငန်း အခြေအနေများကို ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက
ဖြည့်စွက်ဆွေးနွေး တင်ပြကြပါသည်။ ထို့နောက် ပြည်ထောင်စု ဝန်ကြီးက တင်ပြချက်များအပေါ်
လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးပြီး ဌာန၏ ရည်မှန်းချက် တာဝန်များ၊ ရှေ့လုပ်ငန်းစဉ်များ
အောင်မြင်ရေး တို့အတွက် အချင်းချင်း အထက်အောက် အပြန်အလှန် ညှိနှိုင်းပူးပေါင်းပြီး တက်ညီလက်ညီ
ကြိုးပမ်းဆောင်ရွက်ရေး နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
Monday, June 30, 2014
ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ နိုင်ငံတော် အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ တတိယအဆင့် အရှိန်အဟုန် မြှင့်တင်မှု (Third Wave) အဖြစ် ထိရောက်အောင် ကြိုးပမ်း ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ရှေ့လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment