Thursday, July 31, 2014

မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥက္ကဌ ဦးကျော်ကျော်မောင် အား အမေရိကန်- အာဆီယံ စီးပွားရေးကောင်စီ ဥက္ကဌနှင့် အဖွဲ့ လာရောက်တွေ့ဆုံ

မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥက္ကဌ ဦးကျော်ကျော်မောင် အား အမေရိကန်- အာဆီယံ စီးပွားရေးကောင်စီ ဥက္ကဌ မစ္စတာ အလက်ဇန်းဒါး ဖလက်မန်း ဦးဆောင်သော စီးပွားရေး ကိုယ်စားလှယ် အဖွဲ့သည် ဇူလိုင်လ (၃၀)ရက် မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၌ လာရောက် တွေ့ဆုံခဲ့သည်။ ထိုသို့ တွေ့ဆုံရာ၌ မြန်မာနိုင်ငံ၏ ငွေရေးကြေးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုတွင် အမေရိကန် ကုမ္ပဏီများဖြစ်သော Mc Kinsey Company, VISA Company, CITI Bank တို့နှင့် အခြားပြည်ပ စီးပွားရေး အဖွဲ့အစည်းများမှ တာဝန်ရှိ ကိုယ်စားလှယ်များ တက်ရောက်ကြပြီး ၄င်းတို့၏ လက်ရှိနှင့် အနာဂတ် ဆောင်ရွက်မှုများကို ဆွေးနွေး ပြောကြားကြပြီး မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥက္ကဌက မြန်မာနိုင်ငံ၏ လက်ရှိစီးပွားရေး တိုးတက်မှု အခြေအနေ၊ ငွေရေး၊ ကြေးရေးအခြေအနေ၊ အဆင့်ဆင့် တိုးတက် ဆောင်ရွက်နေမှုများ၊ ဖြေလျော့ပေးမှုများကို ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရှိရသည်။


No comments:

Post a Comment