Wednesday, July 30, 2014

တနင်္သာရီတိုင်းဒေသကြီး၊ ရေကြောင်းခရီးသွား ပြည်သူများ အန္တရာယ် ကင်းရှင်းရေး ပူးပေါင်း စစ်ဆေး

တနင်္သာရီမြို့မှ မြိတ်မြို့သို့ နေ့စဉ်ပြေးဆွဲ လျက်ရှိသည့် အမြန်ရေယာဉ်နှင့် ရေယာဉ်၌ လိုက်ပါကြမည့် ခရီးသွား ပြည်သူများ အန္တရာယ် ကင်းရှင်းစွာ သွားလာနိုင်ရေး အတွက် ရည်ရွယ်၍ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များ၊ ချောင်းကြီး/ ချောင်းငယ် ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ ရေယာဉ်ပို့ဆောင် ညှိနှိုင်းမှု ကော်မတီဝင်များ ပါဝင်သော စုပေါင်းအဖွဲ့မှ အမြန်ရေယာဉ်အား တစ်လလျှင် (၂)ကြိမ် ရှောင်တခင် စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။ ဇူလိုင်လ (၂၈)ရက်က တနင်္သာရီ မြို့ဝင်ဆိပ်ခံ တံတားတွင် ရွှေပြည်တန် အမြန်ရေယာဉ်အတွင်း အရေးပေါ် ရေကူးအသက်ကယ် အင်္ကျီများရှိ/မရှိ၊ ပဲ့နင်းနှင့် စက်ဆရာတို့ တရားဝင် လက်မှတ်နှင့် အရေးပေါ် အသုံးပြုရန် မီးသတ်ဆေးဗူးများ ရှိ/မရှိ၊ သတ်မှတ်ဝန်အထက် ပိုမိုတင်ဆောင်ခြင်း ရှိ/မရှိ၊ မူခင်းကျဆင်းစေရေး အတွက် ခရီးသွား ပြည်သူများထဲမှ မူးယစ်ဆေးဝါး သယ်ဆောင်မှု ရှိ/မရှိနှင့် ကန့်သတ်ထားသော တရားမဝင် ပစ္စည်းများ 

No comments:

Post a Comment