ပြည်ထောင်စုလွှတ်တော်
နာယက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် (U.S-ASEAN Business Council
(USABC)
) ဥက္ကဌ
မစ္စတာ အလက်ဇန်းဒါး စီ ဖလတ်မန်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ဒီကနေ့ ဇူလိုင်လ(၃၁)ရက်
မွန်းလွဲ(၂)နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ဇမ္ဗူသီရိ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံပါတယ်။
ထိုသို့ လက်ခံတွေ့ဆုံရာတွင် ပြည်ထောင်စုလွှတ်တော် နာယကနှင့် အတူ ပြည်သူ့လွှတ်တော် ကော်မတီဥက္ကဋ္ဌများ
ဖြစ်ကြသော ဦးအောင်သောင်း၊ ဦးစိုးသာ၊ ဦးမောင်မောင်သိမ်း၊ ဦးသိန်းဇော်၊ ဦးသိန်းဆွေနှင့်
ဦးလှမြင့်ဦး၊ ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ်သုံးသပ်ရေး
ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ထွန်းနှင့် ဒေါ်အေးအေးမူ၊ ပြည်ထောင်စု လွှတ်တော်ရုံးနှင့်
ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပါတယ်။ တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏
စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပူးပေါင်းဆောင်ရွက်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု
ပြုလုပ်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးခင်မင်စွာ ဆွေးနွေးခဲ့ကြပါတယ်။
No comments:
Post a Comment