Friday, August 1, 2014

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ အိန္ဒိယဝန်ကြီးချုပ် နာရမ်ဒရာ-မိုဒီနဲ့ တွေ့ဆုံ

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီဟာ ၄င်းရဲ့အိန္ဒိယသို့သွားရောက်တဲ့ (၃)ရက်ကြာ တရားဝင် ချစ်ကြည်ရေးခရီးစဉ်အတွင်း အိန္ဒိယဝန်ကြီးချုပ် နာရမ်ဒရာ-မိုဒီနဲ့ သြဂုတ်လ (၁)ရက်နေ့ မှာ တွေ့ဆုံခဲ့ကြောင်း သိရပါသည်။ ကယ်ရီဟာ ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှု ပြုပြင်ပြောင်လဲမှုအပေါ်ထားရှိတဲ့ အိန္ဒိယနိုင်ငံရဲ့ အဆိုးမြင်မှုကို လျော့ချရန်ဖြစ်ကြောင်းနဲ့ ဒါဟာနိုင်ငံ့စီးပွားရေး အကျိုးဖြစ်ထွန်းစေဖို့အတွက် စမ်းသပ်မှုဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ အိန္ဒိယနဲ့ အမေရိကန်တို့ဟာ (ဒဗလျူတီအို)မှာ ယခုကိစ္စနဲ့ပက်သက်ပြီး ပဋိပက္ခများဖြစ်ပွားခဲ့ဘူးပြီး ဖြစ်ပါသည်။ ကယ်ရီဟာ ကျင်းပမြဲဖြစ်တဲ့ မဟာဗျူဟာ မြောက်ဆွေးနွေးပွဲအတွက် အိန္ဒိယသို့ ရောက်ရှိခြင်းဖြစ်သလို အစိုးရသစ်နဲ့လည်း ပထမဆုံးအကြိမ် စေ့စပ်ညှိနှိုင်းမှုပြုခြင်း ဖြစ်ပါသည်။ မိုဒီကလည်း အမေရိကန်နဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ စီစဉ်ထားသလို လာမည့်စက်တင်ဘာလမှာ အမေရိကန်သို့ သွားရောက်ဖို့ စီစဉ်ထားကြောင်း သိရှိရပါသည်။


No comments:

Post a Comment