Friday, August 1, 2014

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဂျပန်နိုင်ငံ ဝန်ကြီးချုပ်၏ အထူးအကြံပေး ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဂျပန်နိုင်ငံ ဝန်ကြီးချုပ်၏ အထူးအကြံပေးနှင့် မြန်မာနိုင်ငံဆိုင်ရာ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုတွင် အဓိကကျသောပုဂ္ဂိုလ် မစ္စတာ ဟီရိုတူ အီဇူးမိ  ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ဒီကနေ့ ဩဂုတ်လ (၁)ရက် နံနက် (၁၁)နာရီတွင် နိုင်ငံတော်သမ္မတ အိမ်တော်ရှိ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။ တွေ့ဆုံစဉ် နိုင်ငံအတွင်း အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရေး၊ ဂျပန်နိုင်ငံမှ ပေးအပ်မည့် ဦဗ ချေးငွေနှင့် ထောက်ပံ့ငွေဆိုင်ရာ ကိစ္စရပ်များ၊ မြို့ပြတိုးချဲ့ရေးနှင့် အိုးအိမ်နေရာချထားရေး၊ သီလဝါ အထူးစီးပွားရေးဇုန် စီမံကိန်းနှင့် ထားဝယ်ရေနက်ဆိပ်ကမ်း တည်ဆောက်ရေး ဆိုင်ရာများ၊ ဆက်သွယ်ရေး ကဏ္ဍတွင် ပူးပေါင်း ဆောင်ရွက် နေမှုများ၊  လယ်ယာကဏ္ဍတွင် ပူးပေါင်း ဆောင်ရွက်ရေးနှင့် ထွက်ရှိသော သီးနှံများအား ဂျပန်နိုင်ငံ ဈေးကွက်သို့ ကျယ်ကျယ်ပြန့်ပြန့် တင်ပို့နိုင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။


No comments:

Post a Comment