ဒီကနေ့ မြန်မာစံတော်ချိန် မွန်းလွဲ(၁၂)နာရီခွဲအချိန်
တိုင်းထွာချက်အရ သံလွင်မြစ်ရေသည် ဘားအံမြို့မှာ
ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် (၁၈စင်တီမီတာ-ပေ၀က်ခန့်) တွင် ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည်
ဒီကနေ့မွန်းတည့်မှ နောက်(၄၈)နာရီအတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါသည်။
ချင်းတွင်းမြစ်ရေသည် မော်လိုက်မြို့(၂၈-၈-၂၀၁၄)ရက်နေ့ ည(၈)နာရီခွဲအချိန်ကစ၍ စိုးရိမ်ရေမှတ်သို့
ရောက်ရှိခဲ့ရာ ဒီကနေ့ မြန်မာစံတော်ချိန် မွန်းလွဲ(၁၂)နာရီခွဲအချိန်တိုင်းထွာချက်အရ
ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် (၂၂စင်တီမီတာ-ပေ၀က်ခန့်) ကို ကျော်လွန်နေပါသည်။ အဆိုပါမြစ်ရေသည်
ဒီကနေ့မွန်းတည့်မှ နောက်(၄၈)နာရီအတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက်သို့ ကျဆင်းနိုင်ပါသည်။
ချင်းတွင်းမြစ်ရေသည် ကလေးဝမြို့တွင် (၃၁-၈-၂၀၁၄)ရက်နေ့ နံနက် (၇)နာရီခွဲကစ၍ စိုးရိမ်ရေမှတ်သို့
ရောက်ရှိခဲ့ပြီး ဒီကနေ့မြန်မာစံတော်ချိန် (၁၂)နာရီခွဲအချိန် တိုင်းထွာချက်အရ ယင်းမြို့၏
စိုးရိမ်ရေမှတ်အထက် (၁၆ စင်တီမီတာ- ပေ၀က်ခန့်) ကျော်လွန်နေပါသည်။ အဆိုပါမြစ်ရေသည် ဒီကနေ့မွန်းတည့်မှ
နောက်(၂၄)နာရီအတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနိုင်ပါသည်။
No comments:
Post a Comment