Sunday, August 31, 2014

မြန်မာတိုင်းရင်းသားတို့၏ အဆို၊အက၊အရေး၊အတီး ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းဆပ်ကော်မတီများနှင့် ညှိနှိုင်းအစည်းအဝေး



ရခိုင်ပြည်နယ် ၂၀၁၄ခုနှစ်၊ (၂၁)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ အဆို၊အက၊အရေး၊အတီး ပြိုင်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းဆပ်ကော်မတီများနှင့် ညှိနှိုင်းအစည်းအဝေးကို ဩဂုတ်လ (၃၀) ရက် နံနက်(၉)နာရီတွင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမမှာ ကျင်းပပါသည်။ အစည်းအဝေးတွင် ရခိုင်ပြည်နယ် (၂၁) ကြိမ်မြောက် မြန်မာ့ရိုးရာတိုင်းရင်းသားတို့၏ အဆို၊အက၊အရေး၊အတီးပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီဥက္ကဌ ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက ရခိုင်ပြည်နယ်အနေဖြင့် တစ်ဖက်မှတည်ငြိမ်မှု၊ ဒေသဖွံ့ဖြိုးမှုကိုဆောင်ရွက်ရင်း ပျော်ရွှင်မှုရရှိစေရေးကို ဟန်ချက်ညီညီကျင်းပပြုလုပ်ပေးနေခြင်း ဖြစ်ပါကြောင်း၊ ရခိုင်လူမျိုးတို့၏ ဂုဏ်သိက္ခာနှင့် ယဉ်ကျေးမှုအဆင့်အတန်းကို ဖော်ထုတ်ခွင့်ရရှိသည့်အတွက် ရခိုင်ပြည်နယ်အနေဖြင့် အခုကျင်းပမည့် (၂၁)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့ အဆို၊အက၊အရေး၊အတီး ပြိုင်ပွဲအား အဆင့်အတန်းရှိရှိ၊ သိက္ခာရှိရှိ၊ အနှစ်သာရရှိရှိ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးသွားရန် ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။ ယင်းနောက် သက်ဆိုင်ရာ ဆပ်ကော်မတီများက ကဏ္ဍအလိုက်ရှင်းလင်း တင်ပြကြသည်။ ထို့နောက်ခရိုင်၊ မြို့နယ်ကိုယ်စားပြု အတတ်ပညာရှင်များနှင့် အစည်းအဝေးတတ်ရောက်လာသူများက အကြံပြုဆွေးနွေးတင်ပြခဲ့ကြသည်။ ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်သည် ရခိုင်ပြည်နယ် တရားလွှတ်တော်ရုံး အစည်းအဝေးခန်းမမှာ ကျင်းပသည့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်များ၊ ပြည်နယ်တရားရေးဦးစီးမှူးများ၏ သတမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ထပ်ဆင့်ရှင်းလင်းပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။


No comments:

Post a Comment