Thursday, August 7, 2014

တရားမဝင် ကုန်သွယ်မှုတားဆီး ထိန်းချုပ်ရေး ဗဟို ကော်မတီ န၀မ အကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ




တရားမဝင် ကုန်သွယ်မှုတားဆီး ထိန်းချုပ်ရေး ဗဟို ကော်မတီ န၀မ အကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဩဂုတ်လ(၆)ရက်နေ့က နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အစည်းအဝေး ခန်းမမှာ ကျင်းပပြုလုပ် ခဲ့ပါသည်။ ဗဟိုကော်မတီကနေ ဖွဲ့စည်းထားတဲ့ မိုဘိုင်းတင်းမ် က အဖွဲ့တွေရဲ့ စစ်ဆေးမှုတွေကြောင့် ကုန်သွယ်မှုပမာဏ တိုးတက်လာတာ နဲ့အမျှ အရင်ကဆုံးရှုံးနေတဲ့ နိုင်ငံတော်အခွန် ဘဏ္ဍာတွေလည်း ပြန်လည် ရရှိနေပြီဖြစ်ပါတယ်။ တရားမဝင် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီ အတွင်းရေးမှူး ကူးသန်းရောင်းဝယ်ရေး နှင့် စားသုံးသူရေးရာ ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးညွန့်အောင်ကလည်း ဗဟိုကော်မတီ ဖွဲ့စည်းပြီးတဲ့နောက် တိုးတက်လာတဲ့ ကုန်သွယ်မှု ပမာဏနဲ့ ပတ်သက်ပြီး ပြေကြားပါသည်။

No comments:

Post a Comment