Saturday, August 2, 2014

ထိုင်း ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် အမှတ် (၃) စစ်တိုင်းမှူး ဦးဆောင်သောအဖွဲ့ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့သို့ရောက်ရှိ

မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပမည့် (၂၈) ကြိမ်မြောက် မြန်မာ - ထိုင်း ဒေသဆိုင်ရာ နယ်ခြားကော်မတီအစည်းအဝေးသို့ တက်ရောက်ရန် ထိုင်းနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် အမှတ် (၃) စစ်တိုင်းမှူး ဒုတိယဗိုလ်ချုပ်ကြီး Preecha Jan-O-Cha ဦးဆောင်သောအဖွဲ့သည် ဇူလိုင်လ (၃၁) ရက်နေ့ နံနက် (၉) နာရီခွဲတွင် ထိုင်းတပ်မတော် အထူးလေယာဉ်ဖြင့် တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့သို့ ရောက်ရှိခဲ့ကြပါသည်။

No comments:

Post a Comment