Sunday, August 24, 2014

ပန်ဒါလေး ပေါင်းပေါင်း၏ ပထမအကြိမ် မွေးနေ့ပွဲ ကျင်းပ

အမေရိကန် ပြည်ထောင်စု ဝါရှင်တန်ဒီစီရှိ အမျိုးသား တိရစ္ဆာန်ဥယျာဉ်မှာ ပန်ဒါလေး ပေါင်းပေါင်း၏ ပထမအကြိမ် မွေးနေ့ပွဲ ကျင်းပခဲ့ရာ ခရီးသွားပြည်သူပေါင်း (၂)သောင်းခန့် လာရောက်ခဲ့ကြောင်း သိရပါသည်။ ဒါ့အပြင် တရုတ်ရိုးရာ အယူအဆဖြစ်တဲ့ ၄င်းပန်ဒါ၏ အနာဂတ်အတွက် ကြိုတင်သေည်ကိန်း ထုတ်ခြင်းများ ပြုလုပ်ခြင်းနဲ့ ဆုတောင်းစာသားပါ အလံ(၃)ခုကို အမေရိကန် နိုင်ငံရောက် တရုတ်သံအမတ်က ယူဆောင်လာပေး ခဲ့ပါသည်။ တိရစ္ဆာန် ဥယျာဉ်မှလည်း (၁၈)ကီလိုဂရမ်ရှိ မွေးနေ့ကိတ် ပြုလုပ်ပေးခဲ့ပြီး ပန်းသီးဖျော်ရည်နှင့် အခြားသစ်သီးများလည်း ပြုလုပ်ပေးထား ပါသည်။ ပေါင်းပေါင်းမှာ အမေရိကန်နဲ့ တရုတ်နိုင်ငံ၏ သမ္မတကတော်များ အပါအဝင် သူ့ကိုချစ်တဲ့ ပရိသတ်များစွာ ရှိကြောင်း ဥယျာဉ်မှူးကြီးက ပြောပါသည်။ ဒါသည် အမေရိကန် တရုတ်မှ နှစ်နိုင်ငံပူးပေါင်းမှု၏ ကောင်းတဲ့ ပြယုဂ်လည်း ဖြစ်ခဲ့ပါသည်။ ပေါင်းပေါင်းကို (၂၀၁၃)ခုနှစ် ဩဂုတ်လ (၂၃)ရက်နေ့က အမေရိကန်မှာ မွေးဖွားခဲ့ပြီး သူမမွေးဖွားပြီး ရက်(၁၀ဝ) အကြာမှသာ နာမည်ပေးနိုင်ခဲ့ပြီး ယခုအခါ အသက်(၁)နှစ် အရွယ်ရှိပြီ ဖြစ်ကြောင်း သိရှိရပါသည်။ 



No comments:

Post a Comment