Thursday, August 7, 2014

တနင်္သာရီမြို့နယ်တွင် ဒေသနှင့် ကိုက်ညီသည့် ရေမြှုပ်ခံစပါးမျိုး သိပ္ပံနည်းကျ စိုက်ပျိုးပွဲ အခမ်းအနားကျင်းပ

ဒေသခံတောင်သူများ မျိုးကောင်းမျိုးသန့် သုံးစွဲရေး မျိုးသန့် ပြန့်ပွားရေးအား သိပံ္ပနည်းကျ စိုက်နည်းစနစ်များကို လိုက်နာကျင့်သုံးခြင်းအားဖြင့် အထွက်နှုန်းတိုး၍ တောင်သူများ ဝင်ငွေတိုးတက် ရရှိစေရေး ရည်ရွယ်လျက်  တနင်္သာရီတိုင်း ဒေသကြီး၊ တနင်္သာရီမြို့နယ်၊ အရှေ့မော်တုန်း ကျေးရွာအုပ်စု မြို့ဟောင်းကုန်းရွာ တောင်သူ ဦးမဲတုံး၏ ကဒဲလိပ်ကွင်း လယ်မြေ (၆)ဧကတွင် ဩဂုတ်လ (၅)ရက်နေ့က မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ ပုလဲသွယ် အထူးအထွက်တိုး စပ်မျိုးစပါးနှင့် ဒေသနှင့်ကိုက်ညီသည့် ရေမြှုပ်ခံ မျိုးကောင်း မျိုးသန့်စပါးမျိုးများအား သိပ္ပံနည်းကျ စိုက်နည်းစနစ်ဖြင့် လက်တွေ့ ချက်ခြင်းနှုတ် ချက်ခြင်းစိုက်ပျိုးပွဲ ကျင်းပခဲ့သည်။


No comments:

Post a Comment