Friday, August 1, 2014

နိုင်ဂျီးရီးယားနိုင်ငံ ဆီရီယယ်-လျူန်းတွင် အီဗိုလာဗိုင်းရပ်စ် ဖြစ်ပွားမှုနှုန်း မြှင့်တက်နေ

နိုင်ဂျီးရီးယားနိုင်ငံ ဆီရီယယ်-လျူန်းတွင် အီဗိုလာဗိုင်းရပ်စ် ဖြစ်ပွားမှုနှုန်း မြှင့်တက်နေကြောင်း ဒေသ တာဝန်ရှိသူများက ဇူလိုင်လ (၃၁)ရက်နေ့က ပြောကြားခဲ့ပြီး ကာကွယ်ကုသရေးလုပ်ငန်းများ လုပ်ဆောင်လျှက် ရှိပါသည်။ ကုသရေးစင်တာများကို ဖွင့်လှစ်ကာ ရောဂါကုသရေး လုပ်ငန်းများကို ကျန်းမာရေးဝန်ထမ်းများ၊ လုပ်သားများနဲ့ ဆရာဝန်များ စုစည်းပြီး ကျန်းမာရေး ပြုစုစောင့်ရှောက်မှုများ လုပ်ဆောင်လျှက်ရှိပါသည်။ အစိုးရ ပြောရေးဆိုခွင့်ရှိသူများကတော့ မြို့တော်ကို ဒီဗိုင်းရပ်စ် ကူးစက်မှုမရှိအောင် လုပ်ဆောင်လျှက်ရှိကြောင်း ပြောကြားခဲ့ပါသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဒဗလျူ-အိတ်ခ်ျ-အို ကတော့ နိုင်ဂျီးရီးယားဆီသို့ အမေရိကန် ဒေါ်လာ သန်း(၁၀ဝ) ပေးအပ်ခဲ့ပြီး ကုသရေးလုပ်ငန်းများတွင် အသုံးပြုသွားဖို့နဲ့ လိုအပ်တဲ့ကူညီမှု့များ၊ ဆေဝါးများထောက်ပံ့ပေးရန် ရည်ရွယ်ထားပါသည်။ ဒါ့အပြင်ဆရာဝန်များ၊ သူနာပြုများ၊ ကူးစက်ရောဂါ ကာကွယ်ရေးပညာရှင်များနဲ့ သိပ္ပံပညာရှင်များစွာပါဝင်တဲ့ အဖွဲ့များကို စေလွှတ်ခဲ့ကြောင်း သိရပါသည်။ နိုင်ဂျီးရီးယား အစိုးရကတော့ နယ်စပ်ဒေသများကို ပိတ်ဆို့ထားပြီးဖြစ်ပါသည်။ ရောဂါစတင်ဖြစ်ပွားပါက ခေါင်းကိုက်ခြင်းနဲ့ အဖျားဝေဒနာကိုခံစားရပြီး ရောဂါနောက်ဆုံးအဆင့်တွင် ဝမ်းလျောခြင်း၊ အထက်လှန်အောက်လျောဖြစ်ခြင်း၊ သွေးအန်ခြင်းတို့ ဖြစ်ပွားနိုင်ကြောင်း သိရပါသည်။ အမေရိကန်နိုင်ငံ လူသားခြင်းစာနာမှု့ ကူညီထောက်ပံ့ပေးရေးအဖွဲ့မှ ကျန်းမာေ၇းဝန်ထမ်းတစ်ဦးဟာ ရောဂါကူးစက်မှု့ခံရပြီးနောက် ဇူလိုင်လ (၃၁)ရက်နေ့က အတ္တလန်တာရှိ ဆေးရုံသို့ ပြန်လည်ခေါ်ဆောင် ခဲ့ပြီဖြစ်ကြောင်း သိရပါသည်။ ထိုဝန်ထမ်းရဲ့နာမည်ကိုတော့ ဖော်ပြခြင်းမရှိသေးကြောင်း သိရှိရပါသည်။


No comments:

Post a Comment