လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန
ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင်သည် ဒုတိယဝန်ကြီးများ နှင့်အတူ ဩဂုတ်လ(၇)ရက်နေ့
နံနက်(၁၀)နာရီ တွင် ဝန်ကြီးရုံး မေခလာ ခန်းမမှာ ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်းမှ
အမှုဆောင် အရာရှိချုပ် မစ္စတာ အိုနို ဆူချီ နှင့် Pre-College Education Network
(USA) မှ
Professor
Dr.James J.De Caron ဦးဆောင်တဲ့
ကိုယ်စားလှယ် အဖွဲ့အား လက်ခံတွေ့ဆုံပါသည်။ တွေ့ဆုံရာတွင် ဝန်ကြီးဌာနမှ ရန်ကုန်မြို့နှင့်
စစ်ကိုင်းမြို့တို့တွင် ဖွင့်လှစ်ထားတဲ့ မျက်မမြင် ကျောင်းများမှာ မျက်မမြင် ပညာသင်ကြား
ပေးနေမှု၊ အသက်မွေးဝမ်းကျောင်း ပညာများ သင်ကြားပေးနေမှု နှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ
ဆောင်ရွက်ပေးနေမှု အခြေအနေများ၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် ဖွင့်လှစ်ထားတဲ့
နားမကြား ကျောင်းများမှာ နားမကြားပညာရေး လက်သင်္ကေတ ပညာ သင်ကြားပေးနေမှု အခြေအနေများ၊
အာဆီယံ မသန်စွမ်းသူများ အနုပညာ ပွဲတော်(၂၀၁၄) အောင်မြင်စွာ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်မှု
လုပ်ငန်းများ၊ ဗီယက်နမ် နိုင်ငံသို့ မျက်မမြင် ပညာရေးဆိုင်ရာ ဆောင်ရွက်ချက်များ လေ့လာရေး
ခရီးစဉ် သွားရောက်ရေး ကိစ္စရပ်များ၊ မျက်မမြင် အကြောပြင်ပညာ သင်တန်းကျောင်း အတွက် သင်ရိုးဆိုင်ရာ
ကိစ္စရပ်များ၊ ပြုပြင်ပြောင်းလဲရေး တတိယအဆင့် အရှိန်အဟုန် မြှင့်တင်မှု လုပ်ငန်းစဉ်များ
အဖြစ် မသန်စွမ်းသူများ ဆိုင်ရာ ပြုစုစောင့်ရှောက်ရေး နှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများအား
ယခင်ကထက် ပိုမိုလျင်မြန် ထိရောက်စွာ ဆောင်ရွက်နိုင်ရေး အတွက် ပူးပေါင်းဆောင်ရွက်မဲ့
လုပ်ငန်းများကို အဖွဲ့အစည်း နှစ်ခုအကြား အမြင်ချင်း ဖလှယ် ဆွေးနွေးကြကြောင်း သိရှိရပါသည်။
No comments:
Post a Comment