Friday, August 1, 2014

ပြည်ထောင်စု ဝန်ကြီး ဦးဝဏ္ဏမောင်လွင် US-Television မှ Program Manager မစ္စတာ ဝမ်လူတန်းအား လက်ခံတွေ့ဆုံ

မြန်မာနိုင်ငံ၏ ကောင်းမွန်သော ပုံရိပ်များကို အမေရိကန် ပြည်သူများနှင့် စီးပွားရေး အသိုက်အဝန်းတို့အား အသိပေးနိုင်ရန် US-Television မှ Program Manager  မစ္စတာ ဝမ်လူတန်း သည် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝဏ္ဏမောင်လွင်အား အဆိုပါ ဝန်ကြီးရုံးမှာ ဇူလိုင်လ(၃၁)ရက် မနက်(၁၀)နာရီတွင် သွားရောက် တွေ့ဆုံ ပါသည်။  တွေ့ဆုံစဉ် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ နိုင်ငံတကာ ဆက်ဆံရေး အခန်းကဏ္ဍနှင့် နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်နေသည့် အခန်းကဏ္ဍ၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် နိုင်ငံတကာ ဆက်ဆံရေးဆိုင်ရာ ဖြစ်ပေါ် တိုးတက်မှုများ၊ မြန်မာနိုင်ငံနှင့် အမေရိကန် ပြည်ထောင်စုတို့ အကြား နှစ်နိုင်ငံဆက်ဆံရေး၊ မြန်မာနိုင်ငံမှာ အမေရိကန် စီးပွားရေး လုပ်ငန်းရှင်များ အနေဖြင့် ရင်းနှီးမြှုပ်နှံရန် သင့်လျော်မည့် စီးပွားရေး ကဏ္ဍများ၊ နိုင်ငံတကာမှ ပြည်သူများနှင့် စီးပွားရေး လုပ်ငန်းရှင်များအား မြန်မာနိုင်ငံသို့ လာရောက်ရန် ဆွဲဆောင်နိုင်သည့် အားသာချက်များ၊ မြန်မာနိုင်ငံသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဆွဲဆောင်ရာတွင် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပါဝင်ဆောင်ရွက်နေမှုများ စသည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။


No comments:

Post a Comment