နည်းပညာ ကုမ္ပဏီကြီးဖြစ်သည့် Apple သည် ၄င်း၏ နောက်ဆုံးပေါ်
စမတ်နာရီကို ဖက်ရှင်ပစ္စည်း တစ်ခုအနေနှင့် ပထမဆုံး အကြိမ်အဖြစ် ပြည်သူလူထုကို မိတ်ဆက်ပြသ
နိုင်ရန်အတွက် ပဲရစ်ဖက်ရှင်ဝိခ်ကို (၃၀-၉-၁၄) ရက်နေ့ ဖိတ်ကြားခဲ့သည်ဟု သိရပါသည်။ Apple၏
အိုင်ဖုန်းနှင့် အခြားအဆင် တန်ဆာများသည် ဖက်ရှင် သင်္ကေတများ အနေနှင့် တွေ့မြင်လာခဲ့တာ
ကြာပြီ ဖြစ်သော်လည်း ၄င်းစမတ်နာရီသည် လူသုံးကုန် ဇိမ်ခံကုန်စည် ဈေးကွက်ထဲကို ထိုးဖောက်နိုင်ပြီး
ဖက်ရှင်ပစ္စည်း တစ်ခုအနေနှင့် ရောင်းချသွားမှာ ဖြစ်ကာ နာရီတစ်လုံး၏ တန်ဖိုးကိုတော့
(၃၄၉)ဒေါ်လာ သတ်မှတ်ထားကြောင်း သိရပါသည်။ Apple ၏ စမတ်နာရီဟာ ရိုးရာ လက်ပတ်နာရီ ပုံစံဖြစ်ပြီး
သေးငယ်သည့် လေးထောင့်ပုံစံ ဒိုင်ခွက်သည် ထိတွေ့မျက်နှာ ပြင်ဖြစ်ကာ လက်နှင့်လိုသလို
တွန်းရွေ့နိုင်ကြောင်း သိရှိရပါသည်။
No comments:
Post a Comment