Monday, September 29, 2014

အိုင်အက်စ် လက်နက်ကိုင်များကို ဆန့်ကျင်တိုက်ခိုက်နေသည့် အမေရိကန်၏ လေကြောင်းတိုက်ခိုက်မှုများနှင့် ပတ်သက်ပြီး ကျွမ်းကျင်သူများက အဖြေထုတ်


အီရတ်နှင့် ဆီးရီးယားရှိ အိုင်အက်စ် လက်နက်ကိုင်များကို ဆန့်ကျင်တိုက်ခိုက်နေသည့် အမေရိကန်၏ လေကြောင်းတိုက်ခိုက်မှုများနှင့် ပတ်သက်ပြီး ရရှိလာမည့်အကျိုးဆက်များကို အရှေ့အလယ်ပိုင်းမှ ကျွမ်းကျင်သူများက အဖြေထုတ် စဉ်းစားလျှက်ရှိကြောင်း သိရပါသည်။ ၄င်းတိုက်ခိုက်မှုများကြောင့် အိုင်အက်စ်လက်နက်ကိုင်များ မြို့တွင်းသို့ခိုးဝင်လာပြီး နိုင်ငံ၏ အခြေအနေကို ပိုရှုပ်ထွေးစေနိုင်ကြောင်း အီရတ်လေ့လာသူများက ယုံကြည်နေကြပါသည်။ အမေရိကန်ဦးဆောင်သည့် အာရပ်(၅)နိုင်ငံ ပါဝင်သည့်အဖွဲ့မှ အီရတ်မှာစတင်ပြုလုပ်ခဲ့သည့် ၄င်းတိုက်ခိုက်မှုများဟာ ယခုလ(၂၃)ရက်နေ့မှာ ဆီးရီးယားသို့ ပျံနှံသွားခဲ့ကာ လွန်ခဲ့သည့်(၁၀)ရက်အတွင်း အာရပ်သား(၆၀)ကျော် သေဆုံးခဲ့ပြီး (၁၀ဝ)ကျော်ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသည်။ ဆီးရီးယားအစိုးရကလဲ အိုင်အက်စ်တွေကို တိုက်ထုတ်ရာမှာ ကူညီဖို့အသင့်ဖြစ်နေပေမယ့် လေကြောင်းတိုက်ခိုက်မှုများကိုတော့ ၄င်းတို့၏ သဘောတူညီချက် မရရှိဘဲ မပြုလုပ်ဖို့ အမေရိကန်ကို သတိပေးထားပါသည်။ အိုင်အက်စ်တွေကို တိုက်ထုတ်ရာမှာ လေကြောင်းမှ တိုက်ခိုက်မှုများသာမက မြေပြင်စစ်ဆင်ရေးများကိုပါ လိုအပ်ကြောင်းနှင့် အမေရိကန်ဟာ ဘာသာရေးအစွန်းရောက် အဖွဲ့များကို တိုက်ခိုက်ခြင်းဖြင့် ဆီးရီးယားပြည်တွင်းစစ်ကို ကြားဝင်ဖြေရှင်းရန် ကြိုးစားနေကြောင်း လေ့လာသူများက ပြောကြားခဲ့ကြောင်း သိရှိရပါသည်။    

No comments:

Post a Comment