Monday, September 29, 2014

ဒုတိယ ၀န်ကြီး ဦးတင်ငွေ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်အတွင်း ကျေးလက်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်း စစ်ဆေးခြင်းနှင့် ဒေသခံ ပြည်သူများနှင့် တွေ့ဆုံ

မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးတင်ငွေသည် စက်တင်ဘာလ (၂၆)ရက်နေ့ နံနက်က ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ် ပါဒကြီးကျေးရွာသို့ ရောက်ရှိခဲ့ပြီး၊ ကောင်းစံဝင်း ဆောက်လုပ်ရေး ကုမ္ပဏီမှ တာဝန်ယူ ဖောက်လုပ်လျက်ရှိသော ပါဒကြီးကျေးရွာ အဝင်ကွန်ကရစ် လမ်းခင်းနေမှုအား၎င်း၊ ကျေးရွာအတွင်းရှိ ပါဒကြီး ချောင်းကူးတံတား ပေ (၁၆၀) တည်ဆောက်မည့် နေရာအား၎င်း ကြည့်ရှုစစ်ဆေး ခဲ့ပါသည်။ အဲဒီနောက် ဒုတိယဝန်ကြီးသည် ကျေးရွာ စာကြည့်တိုက်တွင် ကျေးရွာသူ၊ ကျေးရွာသားများနှင့် တွေ့ဆုံ၍ ကျေးရွာရှိ ပြည်သူများ၏ ကျေးရွာချင်းဆက်လမ်းများ ပြုပြင်ပေးရေး၊ ပညာရေး၊ ကျန်းမာရေး၊ မွေးမြူရေး ကိစ္စများအား ဖြည့်ဆည်း ဆောင်ရွက်ပေးရန် တင်ပြချက်များအပေါ် တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ပေးခဲ့ကြောင်း သိရှိရပါသည်။ 

No comments:

Post a Comment