ပထမအကြိမ်
ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော် နဝမအကြိမ် ပုံမှန် အစည်းအဝေး (ဆဌမနေ့) ကို တိုင်းဒေသကြီး
လွှတ်တော်၌ စက်တင်ဘာလ (၁) ရက်နေ့ နံနက် (၁၀)နာရီတွင် ဆက်လက် ကျင်းပခဲ့ရာ တိုင်းဒေသကြီး
ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဌ ဦးစိန်တင်ဝင်းနှင့် လွှတ်တော်
ကိုယ်စားလှယ် (၁၁၇)ဦးတို့ တက်ရောက်ခဲ့ ကြပါသည်။ အစည်းအဝေးမှာ တိုင်းဒေသကြီး လွှတ်တော်
ကိုယ်စားလှယ်များက မေးခွန်း (၁၂)ခုကို မေးမြန်းခဲ့ရာ သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့်
အစိုးရ အဖွဲ့အစည်း ဝင်များမှ ပြန်လည် ဖြေကြားပါသည်။ ဆက်လက်၍ တိုင်းဒေသကြီး လွှတ်တော်သို့
တင်သွင်းခဲ့သော ရန်ကုန်တိုင်း ဒေသကြီး ယစ်မျိုးခွန် ဥပဒေကြမ်းအား လွှတ်တော် ကိုယ်စားလှယ်များက
ဆွေးနွေးခြင်း သက်ဆိုင်ရာ တိုင်းဒေသကြီး အဖွဲ့အစည်းဝင်က ဖြေကြားခြင်းများ ဆောင်ရွက်ပြီး
လွှတ်တော် အဆုံးအဖြတ် ရယူ၍ အတည်ပြု ဆုံးဖြတ်ခဲ့ပါသည်။ အဲဒီနောက် တိုင်းဒေသကြီး လွှတ်တော်သို့
တင်သွင်းခဲ့သော ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ မြို့နယ်များမှ ယခုနှစ် မိုးရာသီတွင်
ရေကြီး ရေလျှံမှုများ ယခင်နှစ်ကထက် ပိုမို ကြီးမားနေပါ၍ အကာအကွယ် ပေးနိုင်ရန် လယ်ယာ
စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန အပါအဝင် သက်ဆိုင်ရာ ဌာနများမှ ပူးပေါင်း
ဆောင်ရွက် ပေးပါရန် တိုက်တွန်းကြောင်း အဆိုအား မှတ်တမ်း တင်ခဲ့ပါသည်။ အဲဒီနောက် ပထမ
အကြိမ် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် နဝမအကြိမ် ပုံမှန်စည်းဝေး (ဆဌမနေ့) ကို မွန်းလွဲ
(၂)နာရီ မိနစ် (၂၀) တွင် ရပ်နားခဲ့ပါသည်။ ယင်း ဆဌမနေ့ အစည်းအဝေး ကျင်းပမှုအား ရန်ကုန်
အနောက်ပိုင်း ခရိုင်၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ (၆၄)ဦး တက်ရောက် လေ့လာ
ကြပါသည်။
No comments:
Post a Comment