Sunday, September 28, 2014

ဟောင်ကောင်တွင် ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့တို့အကြား ပဋိပက္ခများ ဖြစ်ပွား

စက်တင်ဘာလ(၂၈)ရက်နေ့က ဟောင်ကောင် လမ်းမများပေါ်တွင် ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့တို့အကြား ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီး၊ ရဲတပ်ဖွဲ့ဝင်များက လူစုကွဲသွားစေရန် မျက်ရည်ယိုဗုံးနဲ့ အနံ့ပြင်း စပရေးများကို အသုံးပြုဖြိုခွင်း ခဲ့ပါသည်။ ဆေးဝန်ထမ်းများ အနီးကပ် ရှိသော်လည်း ကုသမှုလိုအပ်နေသည့် လူ မည်မျှရှိမည်ကို ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း။ ဆန္ဒပြသူများသည် ပြည့်ဝသည့် ဒီမိုကရေစီအဖြစ် ပြောင်းလဲပေးရန် ဖိအားပေးနိုင်ရန် ကြိုးစားလုပ်ဆောင် ခဲ့ကြခြင်း ဖြစ်ပါသည်။ ဟောင်ကောင်နှင့် တရုတ်ရှိ တာဝန်ရှိသူ များက အခုလို တရားမဝင် ဆန္ဒပြ ထုတ်ဖော်မှုများကို သတိပေး ပြောကြားထားပြီး ဖြစ်သကဲ့သို့ ဟောင်ကောင်ရှိ ပြည်သူများ၏ တောင်းဆိုမှုမှန်သမျှကို ဘေဂျင်းက ငြင်းပယ်ခဲ့ကြောင်း သိရှိရပါသည်။



No comments:

Post a Comment