Monday, September 29, 2014

ဒုတိယသမ္မတ ဦးဉာဏ်ထွန်းနှင့်ဇနီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ (၆၅)နှစ်မြောက် အမျိုးသားနေ့




ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဉာဏ်ထွန်း နှင့်ဇနီး ဒေါ်ခင်အေးမြင့်တို့သည် စက်တင်ဘာလ(၂၉)ရက်နေ့ညပိုင်းတွင် ရန်ကုန်မြို့ ကမ္ဘာအေးစေတီလမ်းရှိ ဆီဒိုးနားဟိုတယ်၌ ကျင်းပသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ (၆၅)နှစ်မြောက် အမျိုးသားနေ့အထိမ်းအမှတ်ဧည့်ခံပွဲသို့ တက်ရောက် ချီးမြှင့်သည်။ အဆိုပါ ဧည့်ခံပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးသန့်ကျော်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရန်ကုန်မြို့ရှိ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီ တာဝန်ခံများနှင့် စစ်သံမှူးများ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသောပုဂ္ဂိုလ်များ တက်ရောက်ကြသည်။

No comments:

Post a Comment