Tuesday, September 30, 2014

ပေါင်းလောင်း(၁၄)နှင့် သရဖီလမ်းဆုံတွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

စက်တင်ဘာလ (၂၇)ရက်နေ့တွင် ပျဉ်းမနား မြို့မ ရဲစခန်းမှ ရဲအုပ် မင်းကိုထွေးနှင့်အဖွဲ့ လှည့်ကင်းဆောင်ရွက်စဉ် ရွာကောက်ရပ်ကွက် ပေါင်းလောင်း(၁၄)နှင့် သရဖီလမ်းဆုံတွင် ဆိုင်ကယ်တစ်စီးဖြင့် မသင်္ကာသူ လူတစ်ဦးအား တွေ့ရှိသည့် အတွက် ရပ်တန့်စစ်ဆေးရာ မြင့်မောင်မောင် (ခေါ်) ဖိုးသား (၂၅)နှစ် အဖ ဦးမြင့်ထူး (တပ်ကုန်းမြို့) မြ၀တီရပ်ကွက်နေသူဖြစ်ပြီး ၄င်း၏ ဘောင်းဘီအိတ်ကပ်နှင့် ဦးထုပ်အတွင်းမှ WY စာတမ်းပါ ပန်းရောင်စိတ်ကြွဆေးပြား (၃၀)အား ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိပြီး ဆေးပြားများအား မောင်လွင်(ခေါ်) မှည့်ကြီး (၄၃)နှစ် အဖ ဦးထွန်းလူ (ပျဉ်းမနားမြို့) ဘောဂ၀တီ ရပ်ကွက်နေသူထံမှ ၀ယ်ယူခဲ့ကြောင်း ထွက်ဆိုပြီး မူးယစ်ဆေးဝါး လက်ဝယ်ထားရှိသူ မြင့်မောင်မောင်(ခေါ်) ဖိုးသားနှင့် မောင်လွင် (ခေါ်) မှည့်ကြီးတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့် အရေးယူထားကြောင်း သိရှိရပါသည်။


No comments:

Post a Comment