Tuesday, September 30, 2014

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးတင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ လမ်း/တံတားများ ပြုပြင်မှုများ စစ်ဆေး

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးတင့်သည် စက်တင်ဘာလ (၂၈)ရက်နေ့ နံနက်ပိုင်းတွင် ရွှေဘို-မြစ်ကြီးနားလမ်း (ကျောက်တန်း-ရွှေဘိုအပိုင်း)တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပျက်စီးသွားသော လမ်း/တံတားများအား ပြုပြင်နေမှု၊ မိုင်တိုင်အမှတ် (၈/၂) နှင့် (၈/၃) အကြားတွင် ရေတိုက်စားမှုကြောင့် ပျက်စီးသွားသော လမ်းတာပေါင် ပြန်လည်ပြုပြင်နေမှု၊ မိုင်တိုင်အမှတ် (၇/၇) နှင့် (၈/၀) အကြားရှိ ပျက်စီးသွားသော ကွန်ကရစ် တံတားအား ဘေလီသံပေါင်ဖြင့် ပြုပြင်ထားရှိမှုများအား ကြည့်ရှု စစ်ဆေးပြီး လမ်းပန်းဆက်သွယ်မှု မပြတ်တောက်စေရေးအတွက် ပျက်စီးသွားသော နေရာများ အမြန်ဆုံး ပြုပြင် ဆောင်ရွက်ရန် မှာကြားခဲ့ပါသည်။ 


No comments:

Post a Comment