Monday, September 29, 2014

အလုပ်အကိုင်နှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ဆပ်ကော်မတီနှင့် စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူများ တွေ့ဆုံ


အလုပ်အကိုင်နှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ဆပ်ကော်မတီနှင့် စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူများသည် စက်တင်ဘာလ (၂၄)ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ရှိ  မြို့တော်ခန်းမ၌ တွေ့ဆုံပါသည်။ အခမ်းအနားမှာ ဆပ်ကော်မတီဥက္ကဌ၊ အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထင်အောင်မှ အမှာစကား ပြောကြားရာတွင် ဝန်ကြီးဌာနအနေဖြင့် အလုပ်အကိုင်များ တိုးမြှင့်ရရှိရေးအတွက် ပြည်တွင်းပြည်ပ အလုပ်အကိုင်ရရှိမှုများ၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်နေမှုများကို၎င်း၊ ပြည်သူလူထုကို ဝန်ဆောင်မှုပေးသည့် ဝန်ကြီးဌာနဖြစ်သဖြင့် ပြည်သူလူထုကို တိုက်ရိုက်အကျိုးပြုသည့် လုပ်ငန်းများ ဆောင်ရွက်သွားရန် လိုအပ်ကြောင်း မှာကြားပါသည်။ ဆက်လက်ပြီး အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးမှ အမှုထမ်းများ စွမ်းဆောင်ရည် မြှင့်တင်ရေးအတွက် ဆွေးနွေးပို့ချခဲ့ပြီး တက်ရောက်လာသော အဖွဲ့အစည်းများ၊ ဝန်ထမ်းများမှ အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

No comments:

Post a Comment