မွန်ပြည်နယ် ဝန်ကြီးချုပ်
ဦးအုန်းမြင့်သည် အောက်တိုဘာ(၃၀)ရက်တွင် မုဒုံမြို့၊ ဗဟိုခြံတွင် စိုက်ပျိုးရေး လုပ်ငန်းများအတွက်
သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနမှ ထုတ်လုပ်ရောင်းချလျှက် ရှိသည့် ရွှေဇီဝ သဘာဝဓာတ်မြေဩဇာ
ထုတ်နေမှုကို ကြည့်ရှုစစ်ဆေးပြီး အရည်အသွေးနှင့် ထုပ်ပိုးမှုစနစ် ကောင်းမွန်ရေး ဈေးကွက်ကျယ်ပြန့်အောင်
ကြိုးစားဆောင်ရွက်ရေး၊ တောင်သူလယ်သမားများ လက်ဝယ်သို့ ထိုက်သင့်သောဈေးနှုန်းဖြင့် ရောက်ရှိပြီး
အချိန်မီအကျိုးရှိစွာ အသုံးချနိုင်ရေးတို့ကို ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားပါသည်။
No comments:
Post a Comment