Wednesday, October 29, 2014

ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်း ကုလသမဂ္ဂ ကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု ညီလာခံ အတွင်းရေးမှူးချုပ်အား လက်ခံတွေ့ဆုံ

သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်းသည် အောက်တိုဘာလ(၂၉)ရက်နေ့ မွန်းလွဲ(၁)နာရီခွဲတွင် ကုလသမဂ္ဂ ကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု ညီလာခံ (UNC TAD) အတွင်းရေးမှူးချုပ် မစ္စတာ မူခီဆာ ခီတူရီအား နိုင်ငံတော်သမ္မတရုံး သံတမန်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံပါတယ်။ တွေ့ဆုံရာ၌ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် နိုင်ငံရေး၊ လူမှု၊စီးပွား၊ အုပ်ချုပ်ရေးနှင့် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးတို့ အတွက် ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်နေမှု အခြေအနေများ ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံအဖြစ်မှ လွတ်မြောက်ရေးအတွက် စီစဉ်ဆောင်ရွက်နေမှုများ ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ပြီး တစ်ဦးကျဝင်ငွေဆိုင်ရာ စံနှုန်း၊ လူသား အရင်းအနှီးဆိုင်ရာ စံနှုန်းနှင့် စီးပွားရေး ထိခိုက် နစ်နာလွယ်မှုဆိုင်ရာ စံနှုန်းတို့ကို (UNC TAD)၏ မူဝါဒ စည်းမျဉ်းများအတိုင်း တွက်ချက် ဆောင်ရွက်ရာတွင် နည်းပညာပိုင်းဆိုင်ရာ အကူအညီပေးရေး ကိစ္စရပ်များအား ဆွေးနွေးညှိနှိုင်း ခဲ့ကြပါသည်။ 

No comments:

Post a Comment