Friday, October 31, 2014

အာ-ဝမ်းဓါတ်ရထားအား (၂၀၁၅)ခုနှစ် ဩဂုတ်လမကုန်ခင်မှာ မော်စကိုတွင် စတင်ပြေးဆွဲမည်




အောက်တိုဘာ(၂၉)ရက်နေ့က မော်စကိုမြို့မှာ ခင်းကျင်းပြသသည့် ရုရှားနိုင်ငံ၏ ပြခန်းတွင် ရုရှားနိုင်ငံ၏ အနာဂတ်သယ်ယူပို့ဆောင်ရေးယာဉ်များအား ပြသခဲ့ကြောင်း သိရပါသည်။ ပြပွဲမှာ ရုရှားကုမ္ပဏီ(၆၀)ခန့်နှင့် နိုင်ငံခြားကုမ္ပစီများ၏ နောက်ဆုံးပေါ် ဖန်င်္တီးမှုများကို ပြသထားကြောင်း ပွဲစီစဉ်သူများက ပြောကြားခဲ့ပါသည်။ ရုရှားကုမ္ပဏီဖြစ်သည့် ယူရဲလ်ဗာဂွန်ဇာဗော့ဒ်နှင့်  အိုကေဘီအက်တမ်နှင့် ယူရဲလ်ထရန့်စ်ဘက်ရှ်တို့ ပူးတွဲကာ အဆင့်မြင့်ပညာများဖြင့် တည်ဆောက်ထားသည့် အာ-ဝမ်းဓါတ်ရထားကိုလည်း ပြသထားပြီး ပြေပြစ်သည့် တွဲဆိုင်းပုံစံ၊ ဆူညံမှုကိုလျော့ချဖို့ ပလပ်စတစ်နှင့် မှန်တို့ဖြင့် တည်ဆောက်ထားကာ မြင်နိုင်စွမ်းအားလည်း တိုးမြှင့်ကာ မတော်တဆမှုများအား ကာကွယ်နိုင်ဖို့ ပုံစံထုတ်ထားကြောင်း သိရပါသည်။ အာဝမ်းများကို (၂၀၁၅)ခုနှစ် ဩဂုတ်လမကုန်ခင်မှာ မော်စကိုမှာ စတင်ပြေးဆွဲမှာဖြစ်ကြောင်း သိရပါသည်။

No comments:

Post a Comment