Wednesday, October 29, 2014

ဝန်ကြီးချုပ် ဦးမြတ်ကို ထားဝယ်မြို့ သီတဂူ အာရောဂျဒါန ဆေးရုံတော်၌ မျက်စိခွဲစိတ် လူနာများနှင့် ခွဲစိတ်ခန်းများအား ကြည့်ရှု




တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကိုသည် အောက်တိုဘာလ (၂၈)ရက်နေ့ နံနက်ပိုင်းက တိုင်းဒေသကြီး ထားဝယ်မြို့ သီတဂူ အာရောဂျဒါန ဆေးရုံတော်သို့ ရောက်ရှိပြီး မျက်စိခွဲစိတ် ကုသနေသော လူနာများနှင့် ခွဲစိတ်ခန်းများအား ကြည့်ရှုပါသည်။ အဆိုပါ သီတဂူ အာရောဂျဒါန ဆေးရုံတော်မှာ စစ်ကိုင်းသီတဂူ ဆေးရုံတော်မှ သမားတော်ကြီး ဒေါက်တာမြအောင် ဦးဆောင်သည့် အဖွဲ့နှင့် အမေရိကန်နိုင်ငံမှ အထူးကုဆရာဝန်တို့ ပူးပေါင်းကာ အောက်တိုဘာလ (၂၁)ရက်နေ့မှ (၂၇)ရက်နေ့အထိ စမ်းသပ်လူနာ (၁)ထောင့်(၈၃၉)ဦး၊ ခွဲစိပ်လူနာ (၂၄၄)ဦး ကုသပေးပြီး ဖိုးသီးချို ကုမ္ပဏီက မျက်မှန် (၁)ထောင်ကျော် လှူဒါန်းကာ အောက်တိုဘာလ (၃၁)ရက်နေ့အထိ ကုသပေးမည်ဖြစ်ကြောင်း သိရပါသည်။

No comments:

Post a Comment