အမေရိကန်နိုင်ငံရှိ ကာရန် ဆာဖရန်နက်ခ်ဆိုသူ အမျိုးသမီးတစ်ဦးသည်
လွန်ခဲ့တဲ့(၁၃)နှစ်ခန့်ကတည်းက ရင်သားကင်ဆာ ဖြစ်ပွါးနေပြီး ကီမိုသရဖီလို့ခေါ်တဲ့ ဓါတုကုထုံးဖြင့်
ကုသမှုကို ခံယူပြီးနောက်မှာ ၄င်းရောဂါပျောက်ကင်းသွားကြောင်း ပြောကြားခဲ့ပါသည်။ ကာရန်သည်
ကင်ဆာရောဂါ ပျောက်ကင်းသွားခဲ့ပေမဲ့ ဘေးထွက်ဆိုးကျိုးတစ်ခုအဖြစ် အင်အားများယုတ်လျော့ပြီး
ဆိုးဝါးတဲ့နာကျင်မှုကို ခံစားခဲ့ရပါသည်။ ဒါပေမဲ့ ကာရန်သည် ကားဘက်ထရီနှင့် ပုံစံတူတဲ့
စခရန်ဘလာလို့အမည်ရတဲ့ အာရုံကြောများပေါ်တွင် လျှပ်ခေါင်းကိုထားရှိကာ ဦးနှောက်ကို ပြန်လည်ထိန်းကျောင်းပေးနိုင်မည့်
စက်ကိုအသုံးပြုပြီး နာကျင်ခြင်းကို ချေဖျက်နိုင်ကြောင်း လေ့လာတွေ့ရှိခဲ့ပါသည်။ ၄င်းစက်ဖြင့်
ကုသမှု(၄)ခု ပြုလုပ်ပြီးနောက်မှာ ဆယ်စုနှစ်တစ်စုကြာ ခံစားနေရတဲ့ နာကျင်မှုသည် ပျောက်ကင်းသွားခဲ့ပါသည်။
၎င်းစက်သည် လူတိုင်းနှင့် အဆင်မပြေနိုင်တာကြောင့် အသုံးမပြုမီ စမ်းသပ်မှုများပြုသင့်ကြောင်း
ဒါပေမဲ့ လူပေါင်းများစွာအတွက် အကျိုးရှိမည့် စက်တစ်မျိုးဖြစ်နိုင်ကြောင်း ရင်သားကင်ဆာ
လေ့လာရေးဆိုင်ရာ ပါမောက္ခတစ်ဦးမှ ပြောကြားခဲ့သည်လို့ သိရှိရပါသည်။
No comments:
Post a Comment