Friday, October 31, 2014

ကိုရိးယားသမ္မတနိုင်ငံမှ ရုပ်သံမီဒီယာနှင့် ပုံနှိပ်မီဒီယာမှ သတင်းထောက်များ လေ့လာရေးရောက်ရှိ

အာဆီယံနိုင်ငံများနှင့် အပေါင်းသုံးနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံတို့သည် ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းများကို ကဏ္ဍပေါင်းစုံမှ ဆောင်ရွက်လျက်ရှိပါသည်။ ၄င်းအပြင် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် အပေါင်းသုံးနိုင်ငံမှ မီဒီယာသမားများသည် တစ်နှစ်တစ်ကြိမ် အပြန်အလှန် လေ့လာရေးခရီးစဉ်များ သွားရောက်ခဲ့ပါသည်။ ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနမှ အစီအစဉ် မန်နေဂျာ၏ ဦးဆောင်မှုဖြင့် ကိုရိးယား သမ္မတနိုင်ငံမှ ရုပ်သံမီဒီယာနှင့် ပုံနှိပ်မီဒီယာမှ သတင်းထောက် (၇) ဦးသည် အောက်တိုဘာလ (၂၉) ရက်နေ့ ညပိုင်းက နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိပြီး သင်္ဂဟဟိုတယ်တွင် တည်းခိုခဲ့ပါသည်။ အောက်တိုဘာလ (၃၁) ရက်နေ့တွင် နေပြည်တော်ရှိဥပ္ပါတသန္တိစေတီတော်အား ဖူးမြော်ပြီး ဆင်ဖြူတော် ရတာနာဆောင်သို့ သွားရောက်ကြည့်ရှုခဲ့ပါသည်။ ထို့နောက် နေပြည်တော်ကျောက်မျက်ပြတိုက်၊ တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ သတင်းနှင့် စာနယ်ဇင်း လုပ်ငန်းများသို့လည်း သွားရောက် လေ့လာခဲ့ပါသည်။


No comments:

Post a Comment