Friday, October 31, 2014

အမျိုးသားနိုင်ငံရေး အင်အားစု (၅)ဖွဲ့မှ ခေါင်းဆောင်များ၏ နိုင်ငံ့ရေးရာ ဆွေးနွေးပွဲနှင့် စပ်လျဉ်းသည့် သတင်းစာရှင်းလင်းပွဲ

အမျိုးသားနိုင်ငံရေး အင်အားစု(၅)ဖွဲ့မှ ခေါင်းဆောင်များ၏ နိုင်ငံ့ရေးရာ ဆွေးနွေးပွဲနှင့် စပ်လျဉ်းသည့် သတင်းစာရှင်းလင်းပွဲကို အောက်တိုဘာ (၃၁)ရက် မွန်းလွဲ(၁၂)နာရီခွဲတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပခဲ့ပါသည်။ သတင်းစာရှင်းလင်းပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က ဆွေးနွေးချက်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တက်ရောက်လာသည့် သတင်းထောက်များ၏ မေးမြန်းချက်များကို ပြန်လည် ဖြေကြားခဲ့ကြောင်းနှင့် ပြည်တွင်းပြည်ပ သတင်းထောက်(၈၉)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ 

No comments:

Post a Comment