Friday, October 31, 2014

၂၀၁၄ခုနှစ်၊ တောင်ကြီးမြို့ တန်ဆောင်တိုင် မီးပုံးပျံပွဲတော် ဖွင့်ပွဲအခမ်းအနား

ရှမ်းပြည်နယ်၏ အထင်ကရမြို့ဖြစ်သည့် တောင်ကြီးမြို့သည် ပြည်တွင်းမှ ဧည့်သည်များ နှစ်ခြိုက်သဘောကျသည် သာမက နိုင်ငံရပ်ခြား တိုင်းတစ်ပါးမှ လာရောက် လည်ပတ်သူများ သဘောကျ နှစ်ခြိုက်သော မြို့တော်တစ်ခု ဖြစ်ပါသည်။ တောင်ကြီးမြို့မှာ တန်ဆောင်တိုင်လ ရောက်တော့မည်ဆိုလျှင် မီးပုံပျံများ၊ မီးကျည်များ၊ မီးပုံးများကို အလှပြပါဝင်ယှဉ်ပြိုင် လွှတ်တင်ကြပါသည်။ ယခုနှစ် ရှမ်းပြည်နယ် တောင်ကြီးမြို့ တန်ဆောင်တိုင် မီးပုံးပျံပွဲတော် အခမ်းအနားကို အောက်တိုဘာ (၃၀)ရက်နေ့က တောင်ကြီးမြို့ အဝေရာ  မီးပုံးပျံကွင်းတွင် ရှမ်းပြည်နယ် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ ဦးဆောင်ကျင်းပခဲ့ပါသည်။ 

No comments:

Post a Comment