Wednesday, October 29, 2014

ဇမ္ဗူသီရိမြို့နယ် လက်ပံခါးလှနှင့် အောင်ချမ်းသာကျေးရွာ အဝင်လမ်း ကတ္တရာလမ်းသစ်ဖွင့်ပွဲ အခမ်းအနား




နိုင်ငံတော်အနေဖြင့် ကျေးလက်နေ ပြည်သူများ၏ လူနေမှုဘဝ မြင့်မားစေရေး အတွက် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ဒေသခံပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့် စီးပွားရေး လုပ်ငန်းများ နှောင့်နှေးကြံ့ကြာမှု မရှိစေဘဲ အမြန်ဖွံ့ဖြိုးတိုးတက် လာစေရန်အတွက် နေပြည်တော်ကောင်စီ၏ ၂၀၁၄-၂၀၁၅ ငွေလုံးငွေရင်း ခွင်ပြုရံပုံငွေဖြင့် နေပြည်တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ယူဆောင်ရွက်သည့် ဇမ္ဗူသီရိမြို့နယ် လက်ပံခါးလှနှင့် အောင်ချမ်းသာ ကျေးရွာ အဝင်လမ်း ကတ္တရာလမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို အောက်တိုဘာလ(၂၉)ရက် နံနက်ပိုင်းတွင် အဆိုပါ ကတ္တရာလမ်းသစ်၌ ကျင်းပပါသည်။

No comments:

Post a Comment