Thursday, October 2, 2014

၂၀၁၄-၂၀၁၅ စီးရီးအေချန်ပီယံဆုအတွက် ဂျူဗင်တပ်စ်နှင့် ရိုးမားအသင်းတို့သာ ယှဉ်ပြိုင်ရနိုင်ဟု ဂျူဗင်တပ်စ် ဒါရိုက်တာပြောဆို

၂၀၁၄-၂၀၁၅ စီးရီးအေချန်ပီယံဆုအတွက် ဂျူဗင်တပ်စ်အသင်းနှင့် ရိုးမားအသင်းတို့သာ  ယှဉ်ပြိုင်ရမည်ဟု ဂျူဗင်တပ်စ်အသင်း၏  ဒါရိုက်တာမာရော့တာက ပြောဆိုလိုက်ကြောင်း သိရပါသည်။ လက်ရှိ စီးရီးအေပွဲစဉ် သုံးပွဲကစားပြီးချိန်မှာ ဂျူဗင်တပ်စ်အသင်းနှင့် ရိုးမားအသင်းတို့က သုံးပွဲစလုံး အနိုင်ရရှိခဲ့ကြပြီး အမှတ်ပေး ဇယားကို ဦးဆောင်နေကြောင်းသိရပါသည်။ မီလန်မြို့ခံအသင်းတွေဖြစ်သည့် အေစီမီလန်နှင့် အင်တာမီလန် တို့က ချန်ပီယံဆုကိုရယူရန် ခက်နေဦးမည်ဟု မာရော့တာက ပြောဆိုခဲ့ကြောင်း သိရှိရပါသည်။

No comments:

Post a Comment