နော်ဝေနိုင်ငံ
အနောက်ပိုင်း အနှံ့တွင် မိုးများ ရေကြီးမှုတွေ ဖြစ်နေပြီး၊ တစ်နေရာမှ တစ်နေရာသို့၊ တစ်ရွာနှင့်တစ်ရွာ
သွားလာလို့ မရဖြစ်နေကာ ဒေသခံများစွာ ဒုက္ခရောက်ရ လျက်ရှိပါသည်။ ဖလမ်၊ ဗောစ့်နှင့် အော်ဒါရွာတွေမှာ
အဆိုးဝါး ဆုံးဖြစ်ပြီး လမ်းများ ပိတ်ထားရကာ အဆောက်အဦး များလည်း ပျက်စီးခဲ့ရ ပါသည်။
လူပေါင်း(၂၂)ဦးကို ရဟတ်ယာဉ်ဖြင့် ဖလမ်မှာ ကယ်ဆယ်ခဲ့ ရပါသည်။ အိမ်(၅)လုံး မီးလောင်ခဲ့ပြီး
တံတားတစ်စင်း ပျက်စီးခဲ့ကာ မြစ်ရေများလည်း လျှံတက်လျက် ရှိပါသည်။ လမ်းမပေါ် မထွက်ရန်နှင့်
သတိထား သွားလာကြဖို့အတွက်နော်ဝေ အာဏာပိုင်များက ပြည်သူများအား သတိပေးချက်များ ထုတ်ပြန်ထားကြောင်း
သိရှိရပါသည်။
No comments:
Post a Comment