Friday, October 31, 2014

ဆီးရီးယားနိုင်ငံတွင် လူသားချင်း စာနာထောက်ထားမှုများ နည်းပါးလာပြီး ပဋိပက္ခများ ပိုမိုဆိုးဝါးလာ




 ဆီးရီးယားသမ္မတ ဘာရှာအယ်အာဆက်အနေနှင့် အမေရိကန်ပြည်ထောင်စုအနေနှင့် အိုင်အက်စ်တို့ကို တိုက်ခိုက်နေမှုသည် အကျိုးသက်ရောက် ဖြစ်ပေါ်နိုင်ကြောင်း ပြောကြားခဲ့ပါသည်။ ကာကွယ်ရေးဝန်ကြီး ချက်ဟေးဂဲလ်သည် အမေရိကန်ပြည်ထောင်စုအနေနှင့် ၄င်း၏မှုဝါဒဖြစ်သည့် အာဆက်အား အာဏာမှ ဖယ်ရှားရေးကတော့ ဆက်လက်တည်မြဲနေဆဲဖြစ်ကြောင်း အောက်တိုဘာလ(၃၀)ရက်နေ့က ပြောကြားလိုက်ပါသည်။ ကုလသမဂ္ဂနိုင်ငံများအနေနှင့် ဆီးရီးယားနိုင်ငံမှာ လူသားချင်း စာနာထောက်ထားမှုများ နည်းပါးလာပြီး ပဋိပက္ခများဟာလည်း ပိုမိုဆိုးဝါးလာကြောင်း ပြောကြားခဲ့ပါသည်။ လူပေါင်း(၂)သိန်းနီးပါး သေဆုံးခဲ့ပြီး လူ(၃)သန်းကျော်ဟာ ဒုက္ခသည်များ ဖြစ်ခဲ့ရကြောင်းသိရပါသည်။ ဆီးရီးယားအစိုးရနှင့် လက်နက်ကိုင်တို့ အပြန်အလှန်တိုက်ခိုက်မှုများအကြား နိုင်ငံသားများသေဆုံးကာ နေအိမ်အဆောက်အဦးပေါင်းများစွာ ပျက်င်္စီးဆုံးရှုံးခဲ့ရကြောင်း သိရှိရပါသည်။

No comments:

Post a Comment