Wednesday, October 1, 2014

မော်လမြိုင်မြို့သာသာနာ့ ဗိမာန်မှာ အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ် အခမ်းအနား

မော်လမြိုင်မြို့သာသာနာ့ ဗိမာန်မှာ အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ် အခမ်းအနားကို အောက်တိုဘာလ (၁) ရက်နေ့ နံနက်က ကျင်းပရာ ရှေ့ဦးစွာ အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပရခြင်းနှင့် ပတ်သက်ပြီး ပြည်နယ်လူမှုဝန်ထမ်း ဦးစီးမှူး ဦးကိုကိုနိုင်မှ ရှင်းလင်းတင်ပြပါသည်။ မြန်မာနိုင်ငံအနေဖြင့် သက်ကြီးရွယ်အိုနေ့ အထိမ်းအမှတ် အခမ်းအနားကို (၁၉၉၉) ခုနှစ်မှစပြီး ကျင်းပပြုလုပ်လာခဲ့ရာ ယခု (၂၀၁၄) ခုနှစ်မှာဆိုလျှင် (၁၆) ကြိမ်မြောက်ရှိပြီး ဖြစ်ကြောင်းသိရပါသည်။ ထိုအခမ်းအနားကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနကနေ ဦးဆောင်ပြီး UN INGO NGO အဖွဲ့အစည်းအားလုံးတို့နှင့် ပူးပေါင်းပြီး ကျင်းပပြုလုပ်ခဲ့ပါသည်။




No comments:

Post a Comment